YGWပရဟိတမိဘမဲ့ကျောင်းအတွက် သိန်း(၂၀) ကျော်ဖိုးသွားရောက်လှူဒါန်းပေးခဲ့တဲ့ ယုန်လေး

လိုအပ်တဲ့နေရာတွေကို လက်မနှေးကူညီနေသူယုန်လေးကတော့ ဒီနေ့မှာလည်း အမြန်လမ်း(၈၉) မိုင်မှာရှိတဲ့ YGW ပရဟိတမိဘမဲ့ကလေးကျောင်းမှာ သွားရောက်လှူဒါန်းပေးခဲ့ပါတယ် ပရိသတ်ကြီးရေ.. ယုန်လေးကတော့ ဒီအလှူလေးကို လွန်ခဲ့တဲ့ရက်ပိုင်းကတည်းက သူကိုယ်တိုင်သုံးသိန်း မတည်ထားပြီး မိတ်ဆွေအပေါင်းအသင်းတွေကိုပါ ပါဝင်လှူဒါန်းကြဖို့ဖိတ်ခေါ်ခဲ့ပါသေးတယ်။

ဒီနေ့မှာတော့ နို့စို့ကလေးအရွယ်ကနေစပြီး အသက်(၁၅) နှစ်အရွယ်ထိ အရွယ်စုံ(၆၅၀) လောက်ရှိတဲ့ကလေးအတွက် အလှူငွေအပြင် လိုအပ်တဲ့ပစ္စည်းတွေဖြစ်တဲ့ နို့မှုန့်၊ အာဟာရ၊ စာအုပ်၊ခဲတံ၊ ဘောပင် စုစုပေါင်း ငွေကျပ် နှစ်ဆယ့်တစ်သိန်းကျော်ဖိုး လှူဒါန်းပေးခဲ့တဲ့အပြင် ကလေးတွေအတွက် စိတ်ဓာတ်ခွန်အားပါပေးခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။

ဒါ့အပြင် ယုန်လေးကတော့ သူ့ရဲ့ကိုယ်ပိုင်ငွေထဲကနေ လိုအပ်နေတဲ့နေရာတွေကို လှူဒါန်းပေးနေရုံမကဘဲ သူ Brand Ambassador အဖြစ်လုပ်ကိုင်ပေးနေတဲ့ Rocker အချိုရည်ကပါ လစဉ်လှူဒါန်းဖို့အတွက် ထောက်ပံ့ပေးသွားမှာမို့ အလှူတွေဆက်တိုက်မြင်နေရမှာဖြစ်ကြောင်း သတင်းကောင်းလေးကိုလည်း မျှဝေခဲ့ပါသေးတယ် ပရိသတ်ကြီးရေ… လိုအပ်တဲ့နေရာတွေကို ဆက်တိုက်ကူညီနေတဲ့ ယုန်လေးရဲ့မွန်မြတ်တဲ့စိတ်ထားလေးအတွက် သာဓုခေါ်ပေးခဲ့ကြပါဦး။


Source – Yone Lay
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x