” ဘုရင်မကြီး ရှင်စောပု ကိုးကွယ်ခဲ့သော ဗုဒ္ဓရုပ်ပွားတော်မြတ်များ ကို ဒုတိယ အကြိမ်မြောက် ပင့်ဖိတ်ပူဇော်ခွင့် ရရှိခဲ့တဲ့ ခိုင်နှင်းဝေ”

Posted on

CeleGabar ပရိသတ်ကြီးရေခိုင်နှင်းဝေကတော့ပရဟိတမင်းသမီးတစ်လက်ဆိုတဲ့အတိုင်း ပရဟိတလုပ်ငန်းတွေကိုအမြဲတိုးချဲ့လုပ်ဆောင်နေတဲ့ သူတစ်ယောက်ပါ။ အလှူအတန်းတွေကို တရစပ်ပြုလုပ်လျက်ရှိတဲ့ ခိုင်နှင်းဝေကတော့ လတ်တလောမှာ ဒုတိယ အကြိမ်မြောက် ဗုဒ္ဓရုပ်ပွားတော်မြတ်များ ကိုပင့်ဖိတ်ပူဇော်ခွင့် ရရှိခဲ့ကြောင်းပြောပြခဲ့တာပါ။

“ဘုရင်မကြီး ရှင်စောပု ကိုးကွယ်ခဲ့သော ဗုဒ္ဓရုပ်ပွားတော်မြတ်များ ကို ဒုတိယ အကြိမ်မြောက် ပင့်ဖိတ်ပူဇော်ခွင့် ရရှိခဲ့ပါတယ်ရှင်..ခုနှစ်ရက် သားသမီး ပဌာန်းဆက်များအားလုံးကို လာရောက် ဖူးမြော်ခွင့် ပေးပါတယ်…လာရောက် ဖူးမြော်ကြည်ညို နိုင်ပါတယ်ရှင်…🙏🙏🙏
(၈) ရက်နေ့၊ (၉)ရက်နေ့၊ (၁၀)ရက်နေ့ ထိ (၃) ရက်တိုင်တိုင် တောင်ဒဂုံ (၁၀၄) ရပ်ကွက်ရှိ ကလေးများ ဂေဟာ အသစ်မှာ ပါရှင်..🙏🙏🙏…”ဆိုတဲ့စာလေးနဲ့ သူမရဲ့လူမှုကွရန်စာမျက်နှာမှာ ဖူးမြော်ချင်သူတွေအတွက်သတင်းကောင်းပါးပေးခဲ့တာပါ။

 

ဂေဟာအသစ်မှာ သွားရောက်ဖူးမြော်နိုင်ပြီး ဖူးမြော်နု်င်တဲ့ရက်တွေကို အတိအကျပြောပြထားတာပဲ ဖြစ်ပါတယ်CeleGabarပရိသတ်တွေလည်း ခိုင်နှင်းဝေရဲ့ ထူးခြားတဲ့ကုသိုလ်ထူးအတွက် သာဓုခေါ်ခဲ့ပါဦးနော် ။

Koe-CeleGabar
Source – Khine Hnin Wai
ZawgyiFontဖြင့်ဖတ်ရန်




ဂေဟာအသစ်မှာ သွားရောက်ဖူးမြော်နိုင်ပြီး ဖူးမြော်န်ုင်တဲ့ရက်တွေကို အတိအကျပြောပြထားတာပဲ ဖြစ်ပါတယ်CeleGabarပရိသတ်တွေလည်း ခိုင်နှင်းဝေရဲ့ ထူးခြားတဲ့ကုသိုလ်ထူးအတွက် သာဓုခေါ်ခဲ့ပါဦးနော် ။

Koe-CeleGabar
Source – Khine Hnin Wai