ဂီတလောကထဲမှာစတင်ရောက်လာဖြစ်ခဲ့တဲ့ မှတ်တိုင်လေးတစ်ခုကို သတိတရပြောပြလာတဲ့ အောင်ထက်

Posted on

တေးသီချင်းကောင်းများစွာနဲ့ပရိသတ်တွေရဲ့ရင်ထဲမှာ အခိုင်အမာနေရာယူထားနိုင်တဲ့ နာမည်ကျော်အဆိုတော်တွေထဲမှာ အောင်ထက်တစ်ယောက်လည်း အပါအဝင်ပါ။ ပရိသတ်တွေချစ်ခင်အားပေးမှုကိုရရှိလာတာနှစ်တွေကြာနေပြီဆိုပေမဲ့ ပရိသတ်တွေရင်ထဲစတင်ဝင်ရောက်လာခဲ့တဲ့ အဖြစ်အပျက်လေးကိုတော့ သတိတရနဲ့ ပြန်လည်ဝေမျှလာတာပါ။


အောင်ထက်ကတော့ “ဒီနေ့ဟာ ကျွန်တော် အိပ်မက်ဆုံရာ-ရာသက်ပန် သီချင်းဆိုပြိုင်ပွဲမှာ ဆုရခဲ့တာ ၅ နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်..5-7-2015 ကစပြီး ဒီနေ့အထိဂီတလောကထဲမှာ ကောင်းကောင်းမွန်မွန်အလုပ်လုပ်ခွင့်ရခဲ့ပါတယ် သီချင်း Album အသစ်တွေ ထွက်ခွင့်ရတယ် Show တွေအများကြီးလည်း ဆိုခွင့်ဖျော်ဖြေခွင့်ရခဲ့တယ် အဲဒီအတွက် ကျွန်တော့်ရဲ့ကြိုးစားမှုတွေကို အသိအမှတ်ပြုအားပေးကြတဲ့ သီချင်းချစ်သူပရိတ်သတ်များ၊ ဂီတလောကမှ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများနဲ့ ကျွန်တော့်ကို ဂရုစိုက်ပြီးဖေးမချစ်ခင်ပေးကြတဲ့ ဂီတညီအစ်ကိုမောင်နှမများအားလုံးနဲ့ အတူတူလက်တွဲပြီး အလုပ်လုပ်ခွင့်ရခဲ့တဲ့ Company များ၊မီဒီယာများ၊ အဓိကတော့ ကျွန်တော့်ရဲ့သီချင်းတွေကို နားဆင်ခံစားအားပေးကြတဲ့ သီချင်းချစ်သူပရိတ်သတ်များ အားလုံးအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ…


နောက်ထပ်နောက်ထပ်နောက်ထပ်လည်း ဒီထက်ပိုပြီးကြိုးစားဖန်တီးတဲ့သီချင်းတွေကို ဒီထက်ပိုပြီးနားဆင်ခံစားကြပါခင်ဗျာ အမှတ်တရများအား တန်ဖိုးထားလျက် အောင်ထက်” ဆိုပြီးတော့ သူ့ရဲ့အနုပညာခြေလှမ်းတွေစတင်ဖြစ်ခဲ့တဲ့အကြောင်းတွေကို ပြန်လည်ပြောပြလာတာပါ။အောင်ထက်ကတော့သီချင်းအယ်လ်ဘမ်ကောင်းတွေ ထွက်ရှိထားသလို ပရိသတ်ခံစားချက်နဲ့ကိုက်ညီတဲ့သီချင်းတွေကိုလည်း ဖန်တီးခဲ့ပြီးပါပြီ။ (၂၀၂၀)သာမက နှစ်ပေါင်းများစွာပရိသတ်တွေရဲ့အချစ်တွေနဲ့အတူအနုပညာလက်ရာကောင်းတွေဖန်တီးနိုင်ပါစေ…
Source : AungHtet