မကြာခင်ထွက်ရှိလာမယ့် ချမ်းချမ်းနဲ့နေနေတို့ညီအစ်မနှစ်ယောက်ရဲ့ သီချင်းအသစ်

Posted on

ချမ်းချမ်းကတော့ သံစဉ်များနဲ့ကမ္ဘာပြိုင်ပွဲမှာပရိသတ်တွေစတင်သတိထားမိကာ အခုဆိုရင်ပရိသတ်ချစ်ခင်အားပေးမှုကိုရရှိနေတဲ့ နာမည်ကျော်အဆိုတော်တစ်ဦး ဖြစ်နေပါပြီ။ ချမ်းချမ်းရဲ့အစ်မဖြစ်သူနေနေကိုလည်း အဆွေးသီချင်းလေးတွေနဲ့အတူပရိသတ်တွေအားပေးချစ်ခင်ကြတာဖြစ်ပါတယ်။ ညီအစ်မနှစ်ဦးစလုံးကတော့ ဂီတလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေ အသီးသီးရရှိထားကြတာပါ။


သီချင်းအေးလေးတွေနဲ့ဖမ်းစားတတ်တဲ့ ချမ်းချမ်းတို့ညီအစ်မနှစ်ဦးကတော့ သီချင်းအသစ်ကို အတူတူဖန်တီးပြီး ပရိသတ်တွေကို ခံစားချက်အသစ်တွေပေးစွမ်းဦးမှာ ဖြစ်ပါတယ်။ ချမ်းချမ်းကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ချစ်ပရိတ်သတ်ကြီးရေ..ဒီလ 7ရက်နေ့မှာ ချမ်းချမ်းနဲ့နေနေ ညီအစ်မနှစ်ယောက်ရဲ့ ..(..သိမ်မွေ့သော).သီချင်းလေးကို အရောက်ပို့ပေးတော့မယ်နော်..နားဆင်ဖို့ Ready လား” ဆိုပြီးတော့ ရေးသားကာသူတို့နှစ်ဦးရဲ့ချစ်စရာပုံရိပ်လေးတွေနဲ့အတူအသိပေးလာတာပါ။


အသံချိုချိုအေးအေးလေးတွေနဲ့ ပရိသတ်အကြိုက်သီချင်းများစွာကို သီဆိုခဲ့တဲ့ ချမ်းချမ်းနဲ့နေနေတို့ကတော့ ဒီတစ်ခေါက်မှာလည်း ပရိသတ်အကြိုက်နဲ့ထပ်တူကျဦးမယ့်ပုံပါပဲနော်။ သီချင်းအသစ်လေးကိုနားထောင်ဖို့အတွက် ရင်ခုန်နေကြပြီလား ပရိသတ်ကြီးရေ….