သီချင်းကောင်းတွေကို ကာဗာပြန်လည်သီဆိုနေတဲ့သူကို ဒဲ့ဝေဖန်လိုက်တဲ့ ရာဝန

Posted on

ရာဝနကတော့ ကြယ်ကလေး သီချင်းနဲ့အတူ ပရိသတ်တွေ အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ တက်သစ်စ လူငယ်တေးသံရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ လတ်တလောမှာတော့ သီချင်းကောင်းတွေကို ကာဗာပြန်ဆိုနေတဲ့ သူတစ်ယောက်နဲ့ပတ်သတ်ပြီး သူ့ရဲ့အမြင်တွေကို ဒဲ့ပြောပြလာခဲ့ပါတယ် ။ ကာဗာသီချင်းတွေသီဆိုနေပေမယ့် ပရိသတ်ဝေဖန်မှုများနေတဲ့ သူတစ်ယောက်ဖြစ်ပြီး ရာဝနကလည်း ပရိသတ်တွေနဲ့ထပ်တူ ဝေဖန်ခဲ့တာဖြစ်ပါတယ် ။

သီချင်းကောင်းတွေကိုလုပ်ချင်တိုင်းတွေလုပ် ဆိုချင်သလိုတွေဆိုပြီးတော့ Cover လို့ခေါင်းစဉ်တပ်တပ်နေတာအဆင်မပြေတော့ဘူးညီလေး အရင်သီချင်းတွေထဲကပြောချင်နေခဲ့တာ ဒီတခါတော့များသွားပြီးသီချင်းကိုဖန်တီးထားတဲ့သူတွေကိုလေးစားပါအုံး Cover ပြန်ဆိုတယ်ဆိုတာကမူရင်းအငွေ့အသက်တွေ မပပျောက်အောင်သီဆိုရမယ်လေကွာ… အခုသီချင်းနှစ်ပုဒ်ကိုပေါင်းပြီးဖျက်ဆီးလိုက်သလိုပါပဲအပျော်သဘောနဲ့သီဆိုချင်ရင်တော့ KTV မှာ အခန်းတံခါးပိတ်ပြီးသွားဆိုလိုက်ပါမင်းရဲ့ပျော်ရွှင်မူအတွက်နဲ့ တော့ သီချင်းကောင်းတွေကို မဖျက်စီးလိုက်ပါနဲ့ညီလေး ဆိုတဲ့စာသားနဲ့အတူ ဒဲ့ဝေဖန်ရေးသားခဲ့တာဖြစ်ပါတယ် ။

တေးသံရှင်ရော်ရွက်ကလည်း မင်းနဲ့ပေါင်းလာတဲ့ သက်တမ်းတလျှောက် မင်းဒီတခါ ပြောတာ ငါအကြိုက်ဆုံးပဲ လို့ မှတ်ချက်ရေးသားထားသလို ပရိသတ်တွေကလည်း ရာဝနနဲ့ထပ်တူ မှတ်ချက်တွေရေးသားထားပြီးဝေဖန်ခဲ့ကြပါတယ် ။ ဒီကာဗာသီချင်းတွေ သီဆိုနေသူကလည်း မနိုးပါစေနဲ့မိုးရယ် သီချင်းကို ကာဗာသီဆိုပြီးလူသိများလာတာဖြစ်သလို နောက်ပိုင်း ကာဗာသီချင်းတွေမှာတော့ ပရိသတ်တွေဝေဖန်မှု မြင့်တက်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ် ။

Source : Yarwanna
Emily (Cele Gabar)