နေခြည်ရွှန်းလဲ့နဲ့မင်းသွေးခန့်တို့သရုပ်ဆောင်ထားတဲ့ လွမ်းနေဆဲပါ မြကျွန်းညို Music Video

Posted on

ပရိသတ်ကြီးရေ .. (အိပ်မက်ဆုံရာ)(season-8) မှာ ပါဝင်ခဲ့တဲ့ တေးသံရှင် ဆုထက်လှိုင် နဲ့ တေးသံရှင်ဖြိုးပြည့်စုံတို့ရဲ့ သီချင်းအသစ်လေးကတော့ ပရိသတ်တွေရှေ့ကိုရောက်ရှိလာပါပြီနော် ။ သီချင်းလေးကတော့ လွမ်းစရာကောင်းတဲ့ တက္ကသိုလ် အမှတ်တရတွေထုံမွှမ်းနေတဲ့ လွမ်းနေဆဲပါ မြကျွန်းညိုလို့ အမည်ရတဲ့ သီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ် ။

ဒီသီချင်းမှာ လတ်တလော မိန်းကလေး ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသွေးခန့်နဲ့ MRTV-4 ဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေအကြိုက်တွေ့နေတဲ့ မင်းသမီးချောလေး နေခြည်ရွှန်းလဲ့ တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် ။ ချစ်စရာကောင်းတဲ့ သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်မှုလေးတွေနဲ့အတူ လွမ်းနေဆဲပါ မြကျွန်းညို ဆိုတဲ့ သီချင်းလေးက အရမ်းကို လိုက်ဖက်ညီလွန်းနေပါတယ် ပရိသတ်ကြီးရေ ..။

နေခြည်ရွှန်းလဲ့ကလည်း မိန်းမသားအရမ်းဆန်နေလို့ ..ဒါကြည့်တိုင်းပြုံးပြုံးကြီးနဲ့ ကြည့်မိသလို
သီချင်းလေးကလည်း နားထောင်လို့ကောင်းလိုက်တာ လို့သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားထားတာတွေ့ရပါတယ် ။ မကြည့်ရသေးတဲ့ Cele Gabar ပရိသတ်ကြီးအတွက်လည်း တေးသံရှင်ထက်ဆုလှိုင်နဲ့ဖြိုးပြည့်စုံတို့ရဲ့ လွမ်းနေဆဲပါ မြကျွန်းညို ဆိုတဲ့ Music Video လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

https://www.facebook.com/su.htethlaing.71/videos/906010219894943/

Source : Su Htet Haing
Emily (Cele Gabar)