သဲကိုးလေးမွေးပြီးမှ ပထမဆုံးရိုက်ကူးဖြစ်ခဲ့တဲ့ ပိုးအိအိခန့်ရဲ့ ပညာပေးဗီဒီယိုလေး

Cele Gabar ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေး ပိုးအိအိခန့်ကတော့ နိုင်ငံကျော် ဘောလုံးသမား အောင်သူနဲ့ လက်ထပ်ပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်နဲ့အတူ ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ် ။ သားလေး သဲကိုးကို ပြုစုရတာတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို ခေတ္တရပ်နားခဲ့ရပေမယ့် ပရိသတ်တွေကတော့ သူမကို ချစ်ခင်အားပေးနေကြဆဲပါပဲ ။

လတ်တလောမှာတော့ ပိုးအိအိခန့်က ကျန်းမာပျော်ရွှင် ပညာသင်၊ ကြိုတင်တားဆီး ကိုဗစ်နိုင်တီး ဆိုတဲ့ ခေါင်းစဉ်လေးနဲ့အတူ ပညာပေး ဇာတ်လမ်းတို လေးတစ်ခုကို ရိုက်ကူးခဲ့ပြီး ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ Covid-19 နဲ့ပတ်သတ်တဲ့ အသိပညာပေး ဗီဒီယိုလေးဖြစ်ပြီး ပရိသတ်တွေအတွက် အကျိုးရှိစေတဲ့ ပညာပေး ဗီဒီယိုလေးဖြစ်ပြီး သားလေးမွေးပြီး ပထမဦးဆုံး ရိုက်ပေးဖြစ်တဲ့ ပညာပေးဇာတ်လမ်းတို လေးဖြစ်တယ်လို့လည်း သူမ က ရေးသားထားပါသေးတယ် ။

အနုပညာအလုပ်တွေကို အချိန်အတော်ကြာရပ်နားနေခဲ့ပြီးမှ ပထမဆုံး ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတိုလေးဖြစ်တဲ့အတွက် ပိုးအိအိခန့်ရဲ့ အနုပညာတွေကို စောင်ေ့မျှာ်နေတဲ့ ပရိသတ်တွေအတွက်ေ ကျနပ်စေမယ့် ပညာပေး ဇာတ်လမ်းတိုလေးဖြစ်မယ်လို့ ထင်ပါတယ် ။ Cele Gabar ပရိသတ်ကြီးအတွက်လည်း ပိုးအိအိခန့်ရဲ့ ကျန်းမာပျော်ရွှင် ပညာသင်၊ ကြိုတင်တားဆီး ကိုဗစ်နိုင်တီး ဆိုတဲ့ ဇာတ်လမ်းတိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

https://www.facebook.com/la.cho.33/posts/3126155040764937

Source : Poe Ei Ei Khant
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x