အပြင်မှာမသိဘဲ လူမှုကွန်ရက်မှာ ဖုန်းဘေလ်ကစလို့ သိန်းရာချီချေးတဲ့သူတွေအထိ ကြုံတွေ့နေရကြောင်း ရင်ဖွင့်လာတဲ့ ဒီဇိုင်နာမျိုးမင်းစိုး

Posted on

ဒီဇိုင်နာမျိုးမင်းစိုးကတော့ ဒီဇိုင်နာတစ်ယောက်ဖြစ်ပေမယ့် အလှူအတန်းရက်ရောပြီး မွန်မြတ်တဲ့စိတ်ထားရှိသူတစ်ယောက်မို့ ပရိသတ်တွေလေးစားချစ်ခင်နေရသူတစ်ယောက်ပါ။ နိုင်ငံတော်ချီးမြှင့်ထားတဲ့ သုဓမ္မမဏိဇောတဓရဘွဲ့ရရှိထားသူတစ်ယောက်ဖြစ်ပြီး ဒီနေ့မှာတော့ သူကြုံတွေ့နေရတဲ့အခြေအနေတချို့ကို မျှဝေဖော်ပြလာပါတယ်။

သူဒီအကြောင်းတွေကို ရေးသင့်မရေးသင့်စဉ်းစားခဲ့ပေမယ့် တနေ့တနေ့ သူ့ရဲ့Facebook Messenger မှာ သုံးသောင်းလောက်ကစပြီး သိန်း(၂၅၀) လောက်အထိ ချေးတဲ့သူတွေ အယောက်(၂၀) လောက်ရှိနေပြီး တချို့ဆို ကလေးမီးဖွားဖို့မို့ မရရင် သတ်သေပါတော့မယ်ဆိုတဲ့သူတွေ၊ သူတို့ရဲ့ခန္ဓာကိုယ်ကို ကြိုက်သလိုလုပ်ပါဆိုတဲ့သူတွေအထိ နေ့စဉ်ကြုံတွေ့နေရပါတယ်။ ဒါ့အပြင် ဖုန်းဘေလ်ထည့်ခိုင်းတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲတဲ့။

ဒီဇိုင်နာမျိုးမင်းစိုးကတော့ သူကိုယ်တိုင်လည်း ဒီဘဝမရောက်ခင် စတိုးဆိုင်အရောင်းစာရေးလေးဘဝနဲ့ ရုန်းကန်ကြိုးစားခဲ့ရတာဖြစ်ပြီး အခုချိန်မှာ သူဌေးဘွဲ့ရထားတယ်ဆိုတာလည်း နဖူးကချွေး ခြေမကျတဲ့အထိပင်ပန်းခံထားရတဲ့ ပိုက်ဆံတွေနဲ့ လှူဒါန်းထားတာဖြစ်ကြောင်း မျှဝေခဲ့ပါတယ်။ အခုလိုအချိန်မှာ အကုန်လုံးကျပ်တည်း နေကြမယ်ဆိုတာသိပေမယ့် သူရဲ့ဝန်ထမ်း(၄၀) ကျော်နဲ့ ဆွေမျိုးတချို့ရဲ့ ဘဝရပ်တည်ချက်အတွက် အဆင်ပြေဖို့တောင် သူတစ်ယောက်တည်း ကျားကန်ကြိုးစားနေရကြောင်း ပြောပြခဲ့ပါတယ်။ အကုန်လုံးကို ကူညီပေးနိုင်ဖို့ ဆိုရင်တော့ သူ ဒီထက်မက (၁၀) ဆပိုကြိုးစားရမှာဖြစ်ကြောင်းနဲ့ မကူညီပေးနိုင်သေးလို့ စိတ်မကောင်းကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ…

Source – Myo Minn Soe
Rainbow- Cele Gabar