ဆေးရုံတင်ထားရတဲ့ ဖခင်ဖြစ်သူ ကျန်းမာရေးတွေပြန်လည်ကောင်းမွန်လာလို့ ဝမ်းသာနေတဲ့ ထက်ထက်မိုးဦး

Posted on

ပရိသတ်တွေရဲ့အချစ်တော်မင်းသမီးချော ထက်ထက်မိုးဦးရဲ့ ဖခင်ဖြစ်သူ ကတော့ ပြီးခဲ့တဲ့ တစ်လလောက်ခန့်ကစပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေရတာကို ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။ ထက်ထက်မိုးဦးကတော့ ဖခင်ဖြစ်သူ ဆေးရုံတက်ချိန်ကနေစလို့ ဖခင်ရဲ့အနားမှာ ကိုယ်တိုင်ကိုယ်ကျ အနီးကပ်ပြုစုစောင့်ရှောက်နေခဲ့ပါသေးတယ်။

ထက်ထက်ရဲ့ပရိသတ်တွေကလည်း ထက်ထက်ရဲ့ဖခင်ဖြစ်သူ အမြန်ဆုံးပြန်လည်ကျန်းမာလာစေဖို့ကိုဆုမွန်ကောင်းတွေတောင်းပေးနေကြပါသေးတယ်။ ဒီနေ့မှာတော့ ထက်ထက်က သူကရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ သူ့ရဲ့ဖခင်ရောဂါဝေဒနာတွေ သက်သာပျောက်ကင်းလာတဲ့အကြောင်း ဆုတောင်းပေးနေတဲ့ပရိသတ်တွေဝမ်းသာစေဖို့ဖော်ပြလာခဲ့ပါတယ်။ “ဆေးရုံမှာတစ်လပြည့်လုနီးကြာပြီအဖေလဲသက်သာလာတာတွေ့ရတော့သမီးပင်ပန်းရကျိုးနပ်ပါပြီ။ လွန်ခဲ့တဲ့၇နှစ်ခန့်က ischaemic heart disease ဖြစ်တော့သွေးကြော(၂) ချောင်းချဲ့ရတယ်အချိန်မှီအသက်ကယ်လို့ရခဲ့တယ်။ အခုလဲပြန်သက်သာလာအောင်သမီးကြိုးစားခွင့်ရခဲ့တယ်အဖေလဲအဖေ့ရဲ့သီလနဲ့ကျမကိုချစ်တဲ့သူတွေဝိုင်းပီးဆုတောင်းပေးကြတဲ့တွက်အဖေသက်သာလာတာ ကျမဘဝဘယ်လိုပဲဖြစ်ဖြစ်ဘာအခက်အခဲနဲ့ရင်ဆိုင်ရရင်ဆိုင်ရအားလုံးအဆင်ပြေပါတယ်” လို့ဖော်ပြလာတာပဲဖြစ်ပါတယ်။

ထက်ထက်မိုးဦးရဲ့ပရိသတ်တွေကတော့ ထက်ထက်ရဲ့ဖခင်ပြန်လည်သက်သာလာတဲ့အတွက် ဝမ်းသာမိကြောင်းနဲ့ ဖခင်ဖြစ်သူ နေမကောင်းဖြစ်နေချိန်မှာ အနီးကပ် ကိုယ်တိုင်ကိုယ်ကျ စိတ်ရှည်ရှည်နဲ့ ပြုစုစောင့်ရှောက်တဲ့ ထက်ထက်ရဲ့ မိဘအပေါ်သိတတ်မှုကိုလည်း ချီးကျူးနေခဲ့ကြပါသေးတယ်။အမှန်တကယ်ကိုလည်း သထက်ထက်ကချီးကျူးဖို့ကောင်းလှတဲ့ သမီးလိမ္မာလေးပါပဲနော်။

Chilli – CeleGabar
Source – Htet Htet Moe Oo