ချစ်သူသက်တမ်း (၆)နှစ်ပြည့်အနေနဲ့ အမှတ်တရရိုက်ကူးထားတဲ့ ပုံလေးတွေကို မျှဝေလာတ့ ဝါဆိုမိုးဦး

Posted on

ပရိသတ်ကြီးရေ သရုပ်ဆောင် မော်ဒယ်လ်မင်းသမီးချောလေး ဝါဆိုမိုးဦးနဲ့ အဆိုတော် ဖြိုးလေးတို့စုံတွဲလေးကတော့ ပရိသတ်တွေက Idol Couple အနေနဲ့ သတ်မှတ်ထားရတဲ့အထိကိုလိုက်ဖက်ညီလွန်းလှတဲ့စုံတွဲလေးတစ်တွဲပဲဖြစ်ပါတယ်။လက်ရှိမှာ ဖြိုးလေးနဲ့ဝါဆိုတို့ စုံတွဲလေးက ချစ်သူသက်တမ်း(၆)နှစ်တိတိပြည့်မြောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၀)ရက်နေ့ ဖြိုးလေးနဲ့ ဝါဆိုတို့ စုံတွဲလေးက ချစ်သူသက်တမ်း (၆)နှစ်ပြည့်သွားတဲ့တာဖြစ်ပြီး ဒီနေ့ဒီဇင်ဘာလ (၁၉)ရက်နေ့မှာတော့ ချစ်သူသက်တမ်း (၆)နှစ်ပြည့်အမှတ်တရအနေနဲ့ ရိုက်ကူးထားတဲ့ စုံတွဲပုံလေးတွေကို ဝါဆိုကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ ဝါဆိုတို့ စုံတွဲလေးပုံလေးတွေကိုကြည့်ပြီး ရှေ့သွားနောက်လိုက်ညီလွန်းလှတဲ့ ဝါဆိုတို့ စုံတွဲလေးရဲ့လိုက်ဖက်ညီနေမှုကို ချီးကျူးနေခဲ့ကြပါသေးတယ်။

တကယ်ကိုပဲ ဝါဆိုနဲ့ ဖြိုးလေးတို့ စုံတွဲလေးကတော့ နတ်ဖက်တဲ့စုံတွဲလို့ပြောရလောက်အောင်ကို လိုက်ဖက်ညီလွန်းလှတာကတော့ အမှန်ပါပဲနော်။ CeleGabar ပရိသတ်ကြီးတွေအတွက်လည်း မိမိုက်လွန်းနေတဲ့ ဝါဆိုနဲ့ဖြိုးလေးတို့ရဲ့ စုံတွဲပုံလေးတွေကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – War So Moe Oo
Chilli – CeleGabar

-Zawgyi Font ဖြင့်ဖတ်ရန်-





Source – War So Moe Oo
Chilli – CeleGabar