သားညီကတော့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အနေနဲ့သာမက ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ အနုပညာလမ်းကြောင်း ချဲ့ထွင်လာသူတစ်ယောက်ပါ။ ကိုဗစ်မတိုင်ခင်ကာလမှာ သူကိုယ်တိုင်ဒါရိုက်တာအဖြစ် ရွှေထူးနဲ့ ရွှေမှုံရတီတို့နဲ့ အတူ “ကမ်း” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေသလို ဒါရိုက်တာဏကြီးရိုက်ကူးနေတဲ့ “ချစ်ခင်စမှော်ရုံ” ရုပ်ရှင်ဇာတ်ကားမှာဆိုရင်လည်း အောင်ကြီး ကာရိုက်တာနဲ့ပါဝင်သရုပ်ဆောင်နေသူပါ။
သားညီကတော့ (၂၀၂၀) ခုနှစ်အတွက် ကုန်လွန်ခဲ့တဲ့ခြောက်လမှာ အလုပ်တွေများများမလုပ်နိုင်ခဲ့ပေမယ့် ကျန်ရှိနေတဲ့ခြောက်လကိုတော့ အကောင်းဆုံးဖြတ်သန်းဖို့ သူကိုယ်တိုင်လည်း ဆုံးဖြတ်ထားတဲ့အပြင် မိတ်ဆွေအပေါင်းအသင်းတချို့ကိုလည်း အားပေးစကားပြောခဲ့ပေမယ့် ဒီနေ့မှာတော့ သူ့ရင်ထဲက ခံစားချက်တချို့ကို မျှဝေလာခဲ့ပါတယ်။
“လူရာဝင်အောင် ဘာတွေလုပ်ရလဲဗျ… အစွမ်းရှိသလောက်တော့ အလုပ်ကိုကြိုးစားပြီး စေတနာထား လုပ်ခဲ့တာပါပဲ …အခုအချိန်အထိ နေရာပေး အသိအမှတ်ပြု မခံရတာတော့ ကျွန်တော် ညံ့နေသေးလို့နေမှာပါ… နှစ်ဆတိုးပြီး ကြိုးစားရဦးမှာပေါ့ ” ဆိုပြီး ရေးသားလာခဲ့ပါတယ်။ ဘယ်လောက်ကြိုးစား ကြိုးစား နေရာပေး အသိမှတ်ပြုမခံရသေးတာကြောင့် သားညီတစ်ယောက်တော့ စိတ်ဓာတ်ကျနေဟန် တူပါတယ်ပရိသတ်ကြီးရေ… ဆယ်လီကမ္ဘာပရိသတ်ကြီးထဲမှာရော သားညီနဲ့ အဖြစ်ချင်းတူနေတဲ့သူတွေရှိလား။
Source – Thar Nyi
Rainbow- Cele Gabar