(၄)နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နဲ့ သားငယ်လေး ရက်(၁၀၀)ပြည့်အတွက် မြို့ကြီး (၄)မြို့မှာ နေ့လည်စာ အာဟာရဒါနအလှူလေးပြုလုပ်သွားမယ့် Ah Boy နဲ့ မြတ်ရတနာကျော်

Posted on

ပရိသတ်ကြီးရေ Ah Boy နဲ့ မြတ်ရတနာကျော်တို့ စုံတွဲလေးကတော့ ပရိသတ်တွေအားကျနှစ်သက်ရတဲ့ အနုပညာရှင်စုံတွဲလေးတစ်တွဲပဲဖြစ်ပါတယ်။ သာယာချမ်းမြေ့တဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားပြီး ချစ်စရာကောင်းလှတဲ့ မီးမီးလေးနဲ့ သာသားလေးကိုပိုင်ဆိုင်ထားခဲ့ပြီလည်းဖြစ်ပါတယ်။

ဒီနေ့ ဒီဇင်ဘာလ (၂၁)ရက်နေ့လေးကတော့ Ah Boy နဲ့ မြတ်ရတနာကျော်တို့ရဲ့ မင်္ဂလာသက်တမ်း (၄)နှစ်ပြည့်မြောက်တဲ့ နှစ်ပတ်လည်နေ့လေးပဲဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို Ah Boy နဲ့ မြတ်ရတနာကျော်တို့ရဲ့သားငယ်လေးဖြစ်တဲ့ Jaden Phyo Tun ရဲ့ ရက်(၁၀၀)ပြည့်တဲ့နေ့ရက်လေးလည်းဖြစ်ခဲ့ပါတယ်။ အမှတ်တရနေ့လေးနှစ်ခု ထူးထူးခြားခြားတိုက်ဆိုင်စွာကျရောက်တဲ့အတွက် Ah Boy နဲ့ မြတ်ရတနာကျော်တို့က ဒီနေ့မှာ နေ့လည်စာအာဟာရဒါနအလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

အလှူလေးကတော့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်စတဲ့ မြို့ (၄) မြို့မှာ တစ်မြို့ကို အယောက် (၁၀၀) နှုန်းဖြင့် မြို့လေးမြို့ပေါင်းစုစုပေါင်းအယောက် (၄၀၀) စာနေ့လည်စာ အလှူလေးပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ Ah Boy နဲ့မြတ်ရတနာကျော်တို့ စုံတွဲလေး အတွက် မင်္ဂလာနှစ်ပတ်လည်ဆုတောင်းစကားနဲ့ သားသားလေးအတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။

Source – Our Travel Diaries
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-

(၄)ႏွစ္ျပည့္မဂၤလာႏွစ္ပတ္လည္နဲ႔ သားငယ္ေလး ရက္(၁၀၀)ျပည့္အတြက္ ၿမိဳ႕ႀကီး (၄)ၿမိဳ႕မွာ ေန႔လည္စာ အာဟာရဒါနအလႉေလးျပဳလုပ္သြားမယ့္ Ah Boy နဲ႔ ျမတ္ရတနာေက်ာ္

ပရိသတ္ႀကီးေရ Ah Boy နဲ႔ ျမတ္ရတနာေက်ာ္တို႔ စုံတြဲေလးကေတာ့ ပရိသတ္ေတြအားက်ႏွစ္သက္ရတဲ့ အႏုပညာရွင္စုံတြဲေလးတစ္တြဲပဲျဖစ္ပါတယ္။ သာယာခ်မ္းေျမ့တဲ့ မိသားစုဘဝေလးကိုတည္ေဆာက္ထားၿပီး ခ်စ္စရာေကာင္းလွတဲ့ မီးမီးေလးနဲ႔ သာသားေလးကိုပိုင္ဆိုင္ထားခဲ့ၿပီလည္းျဖစ္ပါတယ္။

ဒီေန႔ ဒီဇင္ဘာလ (၂၁)ရက္ေန႔ေလးကေတာ့ Ah Boy နဲ႔ ျမတ္ရတနာေက်ာ္တို႔ရဲ႕ မဂၤလာသက္တမ္း (၄)ႏွစ္ျပည့္ေျမာက္တဲ့ ႏွစ္ပတ္လည္ေန႔ေလးပဲျဖစ္ပါတယ္။ တိုက္တိုက္ဆိုင္ဆိုင္ဆိုသလို Ah Boy နဲ႔ ျမတ္ရတနာေက်ာ္တို႔ရဲ႕သားငယ္ေလးျဖစ္တဲ့ Jaden Phyo Tun ရဲ႕ ရက္(၁၀၀)ျပည့္တဲ့ေန႔ရက္ေလးလည္းျဖစ္ခဲ့ပါတယ္။ အမွတ္တရေန႔ေလးႏွစ္ခု ထူးထူးျခားျခားတိုက္ဆိုင္စြာက်ေရာက္တဲ့အတြက္ Ah Boy နဲ႔ ျမတ္ရတနာေက်ာ္တို႔က ဒီေန႔မွာ ေန႔လည္စာအာဟာရဒါနအလႉေလးတစ္ခုကိုျပဳလုပ္ခဲ့ပါတယ္။

အလႉေလးကေတာ့ ရန္ကုန္၊ မႏၲေလး၊ ေတာင္ႀကီး၊ ေမာ္လၿမိဳင္စတဲ့ ၿမိဳ႕ (၄) ၿမိဳ႕မွာ တစ္ၿမိဳ႕ကို အေယာက္ (၁၀၀) ႏႈန္းျဖင့္ ၿမိဳ႕ေလးၿမိဳ႕ေပါင္းစုစုေပါင္းအေယာက္ (၄၀၀) စာေန႔လည္စာ အလႉေလးပဲျဖစ္ပါတယ္။CeleGabar ပရိသတ္ၾကီးေရ Ah Boy နဲ႕ျမတ္ရတနာေက်ာ္တို႕ စံုတြဲေလး အတြက္ မဂၤလာနွစ္ပတ္လည္ဆုေတာင္းစကားနဲ႕ သားသားေလးအတြက္ ေမြးေန႔ဆုမြန္ေကာင္းေတြေတာင္းေပးခဲ့ၾကပါဦးေနာ္။

Source – Our Travel Diaries
Chilli – CeleGabar