“ဆောင်းဝင်တော့မည်” သီချင်းအမှတ်တရအနေနဲ့ မွန်မြတ်လှတဲ့ အလှူလေးနှစ်ခုကို ထပ်မံပြုလုပ်ခဲ့တဲ့ ချယ်ရီသင်း

Posted on

ချယ်ရီသင်းကတော့ ပရိသတ်တွေရဲကအားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ပရိသတ်အချစ်တော် အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အချစ်တော် ချယ်ရီသင်းကတော့ မနေ့က ဒီဇင်ဘာလ (၂၀)ရက်နေ့က ပကာသဏကင်းမဲ့ပြီး မွန်မြတ်လှတဲ့ အလှူလေးနှစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

အလှူလေးကတော့ မြင်းခြံမြို့က အရေးပေါ်ခွဲစိတ်ဖို့လိုအပ်နေတဲ့ အကိုတယောက်အတွက်ခွဲစိတ်ရန်ငွေအချို့ကူညီပေးခဲ့တာနဲ့ နောက်ထပ်အိမ်ငှါးဖို့အဆင်မပြေတဲ့မိသားစုအတွက်ငွေ(၂)သိန်းကူညီပေးခဲ့တာပဲဖြစ်ပါတယ်။ ချယ်ရီသင်းကတော့ ဒီအလှူလေးတွေကို “ဆောင်းဝင်တော့မည်” သီချင်းထွက်ရှိတဲ့ အမှတ်တရအနေနဲ့ လှူဒါန်းခဲ့တာပါလို့လည်း ဆိုထားပါသေးတယ်။

ချယ်ရီသင်းကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း “ဆောင်းဝင်တော့မည်” သီချင်းထွက်ရှိတဲ့ အမှတ်တရအနေနဲ့ သိန်း(၃၀)ဖိုးလှူဒါန်းတဲ့အလှူလေးကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ ချယ်ရီသင်းကတော့ “ဆောင်းဝင်တော့မည်” သီချင်းအမှတ်တရအနေနဲ့ အလှူပြုလုပ်ခဲ့တာ ဒါနဲ့ဆို (၃)ခုတိတိရှိနေခဲ့ပါပြီနော်။

Source – ချယ်ရီ သင်း
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





 

Source – ချယ်ရီ သင်း
Chilli – CeleGabar