” လိုအပ်နေတဲ့ ခြေတုလေးတွေရရှိခဲ့တဲ့အဘိုး အဘွား ညီအစ်ကို မောင်နှမတွေ အားလုံး အဆင်ပြေကြစေဖို့ ဆုတောင်းမေတ္တာပို့သခဲ့တဲ့ခိုင်နှင်းဝေ”

Posted on

CeleGabar ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတောပရဟိတမင်းသမီးတစ်လက်လို့ပရိသတ်တွေ သတ်မှတ်ထားတဲ့အတိုင်း ဦးစီးတည်ထောင်ကာ မိဘမဲ့ကလေးတွေကို သူမရဲ့ရင်သွေးလေးတွေသဖွယ် ကူညီစောင့်ရှောက်နေတဲ့ ချီးကျူးလေးစားဖွယ်မင်းသမီးတစ်လက်ပါ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် စွန့်ပစ်ခံရတဲ့ ကလေးတွေအတွက် အတတ်နိုင်ဆုံးကာကွယ် ခေါ်ယူစောင့်ရှောက်လျက်ရှိနေတဲ့သူလို့လည်းဆိုရမှာပါ။


လက်ရှိမှာတော့ ပရဟိတအလုပ်တစ်ခုဖြစ်တဲ့ခြေတုတပ်ဆင်ပေးခြင်းကို လူများစွာကို ပြုလုပ်ပေးခဲ့ပြီပဲ ဖြစ်ပါတယ်။”အဘိုး အဘွား ညီအစ်ကို မောင်နှမတွေ အားလုံး လိုအပ်နေတဲ့ ခြေတုလေးတွေ ရရှိကြပြီး အဆင်ပြေကြပါစေရှင်…ခုနှစ်ရက် သားသမီးများရဲ့ စုပေါင်းအလှုလေးများ အား မြင်တွေ့ ကြားသိသူများ အားလုံး သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေရှင်..🙏🙏🙏”ဆိုတဲ့ စာလေးနဲ့ကြည်နူးစရာပုံရိပ်လေးတွေကို ဝေမျှခဲ့တာပါ။


တကယ့်ကိုအကျိုးရှိလှတဲ့ ခြေတုအလှူကတော့ လိုအပ်နေတဲ့သူတွေအတွက်တကယ့်ကိုကျေနပ်ဝမ်းသာစေမှာအမှန်ပါပဲနော်။ CeleGabarပရိသတ်ကြီးလည်း ကြည်နူးပီတိဖြစ်စရာခိုင်နှင်းဝေရဲ့အလှူအတွက်သာဓုခေါ်ပေးခဲ့ပါဦးနော်။

Koe-CeleGabar
Source – Khine Hnin Wai
ZawgyiFontဖြင့်ဖတ်ရန်





Koe-CeleGabar
Source – Khine Hnin Wai