“မျက်လုံးတစ်ဖက်ကွယ်နေတဲ့ကန်စွန်းဥ ဈေးသည် အဖွားဒေါ်ရွှေညာ အတွက် အလှူငွေ သိန်း (၃၀) ကျော် ရရှိခဲ့တာကြောင့် ပေါင်ထားတဲ့အိမ်ဂရံကိုပြန်လည်ရွေးပေးကာ လစဉ်ထောက်ပံ့ပေးသွားမယ်ဆိုတဲ့ မိုးစက်”
Posted on
CeleGabarပရိသတ်ကြီးရေလတ်တလောမှာပရဟိတ လုပ်ငန်းတွေရရင်ရသလို ပြုလုပ်နေသူတွေထဲမှာ လူရွှင်တော်မိုးစက်လည်းအပါအဝင်ပါပဲနော်။ အဘက်ဘက်ကစားဝတ်နေရေးခက်ခဲနေတဲ့ကာလကြီးမှာ အလှူရှင်တွေနဲ့စုပေါင်းကာ ဒုက္ခရောက်နေတဲ့ သူတွေအပြင် လမ်းမှတွေ့တဲ့သက်ကြီးရွယ်အိုတွေကိုလည်း အကူအညီပေးလျက်ရှိသူပါ။
ဒီနေ့မှာတော့”အသက် (၇၅) နှစ်အရွယ်မျက်လုံးတစ်ဖက်ကွယ်နေတဲ့ကန်စွန်းဥ ဈေးသည် အဖွားဒေါ်ရွှေညာ အတွက်အလှူငွေ သိန်း (၃၀) ကျော် ရရှိခဲ့ပါတယ် ။”သားရေ မျက်လုံးတစ်ဖက်ကန်းနေတဲ့အပြင်ဘဝမှာ ဒုက္ခ မျိုးစုံ ကို အလူးအလဲ ခံလာရတာအခုတော့ ကင်းလွတ်သွားပြီပေါ့နော်…”းကင်းလွတ်သွားပြီပေါ့ အဖွားရယ်…ကဲ .လာ အဖွား အိမ်ဂရံပေါင်ထားတာသွားရွေးကြမယ်…”အမယ်လေး ပျော်လိုက်တာသားရယ်…ဂရံအပေါင်ခံထားပေးတဲ့ သူတွေကလဲသဘောအရမ်းကောင်းပါတယ်ဗျာ။(၃) နှစ်တောင် အပေါင်ခံထားတာလုံးဝ အတိုးမယူပါဘူးဗျာ။🙏🙏🙏”
ကျန်ရှိငွေလေးတွေတော့ အိမ်လေးကိုဒီနေ့ကစပြီး ပြင်နေပါပြီ ။ဈေးရောင်းတာလဲ ကျန်းမာရေးအရားနားနေနေဘဲ ရောင်းဖို့မှာထားပါတယ်။အဖွား မှာ သားတစ်ယောက်ရှိတယ်လို့လဲ သိရပါတယ်ဗျ ။သို့သော်….. ဒီငွေများဟာအဖွားနဲ့သာ သက်ဆိုင်သည့်အတွက်ကျန်ရှိ ငွေများကို လစဉ်ငွေအဖြစ် တစ်လ လျှင် ၁သိန်း ကျပ် ။အဖွားကို ထောက်ပံ့ပေးသွားမှာပါ။ကျွန်တော် နဲ့ အတူ ပါဝင်လှူဒါန်းကြသူများကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။”ဆိုတဲ့စာလေး ဖြစ်စဉ်အားလုံးကိုအသေးစိတ်ပြောပြခဲ့တာပါ။ မိုးစက်ရဲ့ကြည်နူးစရာအလှူလေးအတွက် ပီတိဖြစ်မိရင် သာဓုခေါ်ခဲ့ပါဦးနော် ။
Koe-CeleGabar
Source – MoeSat
ZawgyiFontဖြင့်ဖတ်ရန်
Koe-CeleGabar
Source – MoeSat