သားသားလေးကိုကြည့်ပြီး ချစ်မဝဖြစ်နေတဲ့ မေမေ ပိုးအိအိခန့်

ပရိသတ်တွေရဲ့အချစ်တော်နိုင်ငံကျော်ဘောလုံးသမား အောင်သူနဲ့ နိုင်ငံကျော်မင်းသမီးချောလေး ပိုးအိအိခန့်တိုကစုံတွဲလေးကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်တဲ့ စုံတွဲလေးတစ်တွဲဖြစ်ပါတယ်။ လက်ရှိမှာသားသားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သားသားလေးက အသက်(၁)နှစ်နီးပါးရှိနေပါပြီ။

သားသားလေးက အသက်အရွယ်နဲ့ မလိုက်လောက်အောင် ချစ်စရာကောင်းလှတာကြောင့် ပရိသတ်တွေကအချစ်ကြီးချစ်နေခဲ့ရသလို မေမေပိုးအိအိခန့်ကလည်း သားသားလေးကို ကြည့်ပြီးချစ်မဝဖြစ်နေခဲ့ရပါသေးတယ်။ သားသားလေးကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် မေမေ ပိုးအိအိခန့်က သားသားလေးရဲ့ ချစ်စရာပုံလေးတွေကို ကြည့်ရှုလို့ရအောင် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမျှဝေဖော်ပြထားပါသေးတယ်။

မေမေပိုးအိအိခန့်ကတော့ ပုံလေးတွေနဲ့အတူ သားသားလေးရဲ့ပုံတွေကိုကြည့်ပြီးချစ်လွန်းလွန်းလို့ ဘယ်လိုတောင်လုပ်ရမလဲမသိဘူး။ ဖုန်းထဲမှာလည်း သားသားလေးရဲ့ပုံတွေနဲ့ ပြည့်နေတယ်လို့လည်း ပြောပြထားပါသေးတယ်။ Celegabar ပရိသတ်ကြီးတွေထဲမှာရော သဲကိုးလေးကို ချစ်တဲ့ ပရိသတ်တွေရှိလား။

Chilli – CeleGabar
Source – Poe Ei Ei Khant

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x