ပရိသတ်တွေရဲ့အချစ်တော် အေးမြဖြူကတော့ ပြိုင်ပွဲကြီးပြီးကတည်းက အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာလောကမှာရပ်တည်နိုင်အောင်ကြိုးစားနေတဲ့ သူတစ်ယောက်ပါ။ မကြာသေးမီကတော့ အေးမြဖြူရဲ့ ပထမဆုံးကိုယ်ပိုင် သီချင်းလေးဖြစ်တဲ့ “လွမ်းနေလို့”ဆိုတဲ့ သီချင်းလေးကထွက်ရှိထားခဲ့ပါသေးတယ်။
သီချင်းလေးက ထွက်ရှိလာကတည်းက ပရိသတ်တျွေအကြိုက်နဲ့ ထပ်တူကျတဲ့ သီချင်းလေးဖြစ်ခဲ့ပြီး ပရိသတ်တွေက မိုးသိုလေးကို ချီးကျူးနေခဲ့ကြပါသေးတယ်။ မိုးသိုလေးရဲ့ သီချင်းလေးကတော့ ထွက်ရှိလာပြီး ဒီနေ့ (၁၀)ရက်မြောက်နေ့မှာတင် Jooxရဲ့ ပရိသတ်တွေနားဆင်မှုအများဆုံး Top (10)စာရင်းမှာ နံပါတ် (၉)နေရာကို ဝင်ရောက်ခဲ့ပါတယ်။
မိုးသိုလေးကတော့ အခုလို သူ့ရဲ့ သီချင်းလေး (၁၀)ရက်အတွင်းမှာ နံပါတ်(၉)နေရာအထိ ဝင်အောင်နားဆင်အားပေးကြတဲ့ ပရိသတ်တစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ရှိကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ မိုးသိုလေးကတော့ ပရိသတ်တွေအားပေးရကျိုးနပ်အောင် ဆက်ပြီး ကြိုးစားပါ့မယ်တဲ့။
Chilli – CeleGabar
Source – Aye Mya Phyu