သာသနာဘောင်ဝင်နေတဲ့ စိန်လင်း ( Aroma ) ရဲ့ပရိသတ်တွေပြုလုပ်ပေးခဲ့တဲ့ ဆွမ်းကပ်မင်္ဂလာ

ပရိသတ်ကြီးရေ စိန်လင်း(Aroma) ကတော့ အချစ်သီချင်းကောင်းလေးကို သီဆိုပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို များစွာရရှိထားသူတစ်ဦးဖြစ်ပါတယ်။ စိန်လင်း (Aroma ) ကတော့ မကြာသေးမီကမှ သာသနာဘောင်သို့ ခေတ္တဝင်ရောက်ခဲ့ပြီး ဉီးစန္ဒောဘာသ ဘွဲ့အမည်နဲ့ တွံတေးမြို့ ကျောင်းသစ်ပရိယတ္တိစာသင်တိုက် မှာသတင်းသုံးနေတာပဲဖြစ်ပါတယ် ။

ဇူလိုင်လ (၅) ရက်နေ့ကတော့ ဦးဇင်းရဲ့ ပရိသတ် ဒကာဒကာမများက တွံတေးမြို့ ကျောင်းသစ်ပရိယတ္တိစာသင်တိုက် ရှိ သံဃာတော်များအတွက် နေ့ဆွမ်းကပ်အလှူကို လာရောက်လှူဒါန်းကြခဲ့ကြတယ်လို့သိရပါတယ် ။ စိန်လင်း ( Aroma ) ရဲ့ပရိသတ်များ ဆွမ်းကပ်မင်္ဂလာ ဆိုပြီးလာရောက် ကိုသိုလ် ဒါနပြုခဲ့ကြတာဖြစ်ပြီး ဦးဇင်းက ဆွမ်းလှူရခြင်းကြောင့်(အသက်ရှည် ၊ အဆင်းလှ ၊ ချမ်းသာ ၊ ခွန်အား ၊ ဉာဏ်ပညာ)အကျိုး ၅ပါး နှင့်
ပြည့်စုံ အေးချမ်းကြပါစေ။

အခုလို စေတနာသဒ္ဓါတရား ထက်သန်စွာ လှူဒါန်းကြသော we love sein linn aroma fanဒကာဒကာမအပေါင်း တို့၏ မိသားစုများ အားလုံးကျန်းမာ ချမ်းသာ ဘေးရန်ကင်းစင်ကာကောင်းကျိုးလိုရာဆန္ဒများပြည့်စုံကြပါစေ ဆိုတဲ့စာသားလေးနဲ့အတူ ဉီးစန္ဒောဘာသ ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် အလှူပုံရိပ်တွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။

Source : Sein Lin ( Aroma )
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x