သူ့ကိုချစ်တဲ့သူတွေအတွက် မနက်စောစော ကိုသိုလ်ကောင်းမှု လုပ်ခဲ့တဲ့ ကျော်ထက်ဇော်

MRTV- 4 မှ ထုတ်လွှင့်ပြသတဲ့ “အမုန်းမှသည်” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်ရဲ့အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ မင်းသားချော ကျော်ထက်ဇော် ကတော့ အားပေးတဲ့ပရိသတ်အခိုင်အမာနဲ့ အနုပညာအလုပ်တွေ ဆက်လက်လုပ်ဆောင်နေပြီး သူရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတိုင်းဟာ ပရိသတ်တွေ တခဲနက်အားပေးခြင်းခံရတယ်လို့ဆိုရမှာပါ ။

သူ့ရဲ့ အမာခံဖန်လေးတွေ ဖြစ်တဲ့ We Love ZawGyi လေးတွေနဲ့လည်း တရင်းတနှီးနေတတ်ပြီး ပရိသတ်တွေကို လေးစားတဲ့အနုပညာရှင်တစ်ယောက်ဆိုတာကိုတော့ ပြောစရာလိုမယ်မထင်တော့ပါဘူးနော် ။ လတ်တလောမှာတော့ သူ့ကိုချစ်တဲ့သူတွေအတွက် ကျော်ထက်ဇော်တစ်ယောက် မနက်စောစော ကုသိုလ်ယူခဲ့တဲ့အကြောင်းကို လူမှုကွန်ရက်စာမျက်နှာထက်မှာ မျှဝေပေးလာခဲ့ပါတယ် ။

မနက်စောစော ငါးလွှတ်ကုသိုလ်ယူရင်းကျွန်တော ချစ်သော ကျွန်တော့်ကို ချစ်သော ၇ရက်သားသမီးများ အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိစေဖို့ ဆုတောင်းပေးပါတယ်ဆိုတဲ့ စာသားလေးနဲ့အတူ သူ့ရဲ့ငါးလွှတ်ကုသိုလ်ယူနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေပေးခဲ့တာဖြစ်ပါတယ် ။

Source : Kyaw Htet Zaw
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x