Myanmar Idol Season -3 မှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး 1st Runner Up ဆုရှင် ဖြစ်ခဲ့တဲ့ ပရိသတ်အချစ်တော် ချမ်းမြေ့မောင်ချိုကတော့ အနုပညာလမ်းကြောင်းပေါ်မှာ နေရာအခိုင်အမာရရှိလာခဲ့တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေပြီဖြစ်ပါတယ် ။ တစ်ကိုယ်တော် အယ်လ်ဘမ် တစ်ခု ထွက်ရှိထားပြီး သူမရဲ့ အယ်လ်ဘမ် ထွက်ရှိပြီးနောက်မှာတော့ ပရိသတ်တွေတခဲနက် အားပေးခဲ့ကြပါတယ် ။
မောင်ချိုရဲ့ အယ်လ်ဘမ်ထဲက Lost သီချင်းကလည်း Joox က နံပါတ် (၁) နေရာမှာအချိန်အတော်ကြာရပ်တည်ခဲ့တဲ့ထိ ပရိသတ်တွေအားပေးကြမ်းခဲ့ကြပါတယ် ။ လတ်တလောမှာတော့ မောင်ချိုနဲ့ Ah boy တို့နှစ်ယောက် သီဆိုထားတဲ့ အငွေ့အသက်များဆိုတဲ့ သီချင်းအသစ်လေးကိုလည်း ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပြီး Joox မှာ လက်ရှိအခြေအနေအရ နံပါတ် (၃) နေရာကိုရောက်ရှိလာခဲ့ပြီဖြစ်ပြီး မောင်ချိုတစ်ယောက် သူမရဲ့ သီချင်းလေး top 3 ရောက်လာတဲ့အတွက် အရမ်းကိုပျော်ရွင်နေတာပါ ။
အချိန်ခဏလေးအတွင်းမှာပဲ တခြားသီချင်းတွေကို ကျော်တက်ပြီး နံပါတ် (၃) နေရာကိုရောက်ရှိလာတဲ့ မောင်ချို့ရဲ့ သီချင်းအသစ်လေးကတော့ မကြာမီအချိန်အတွင်းမှာ နံပါတ် (၁) နေရာ ရောက်လာဖို့ ပရိသတ်တွေကလည်းမျှော်လင့်နေကြပါတယ် ။ မောင်ချို့ ပရိသတ်တွေကလည်း သူမရဲ့ သီချင်းအသစ်လေး Joox မှာ Top-3 ဝင်ခဲ့တဲ့အတွက် ထပ်တူထပ်မျှ ပျော်ရွှင်နေကြမယ်လို့ထင်ပါတယ်နော် ။
Source : ChanMyae Mg Cho
Emily (Cele Gabar)