ဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိလာခဲ့သူကိုပေါက်ကတော့ လတ်တလောမှာ ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ အောင်မြင်မှုရရှိလာသူတစ်ယောက်ပါ။ ကျက်သရေရှိရှိလှပတဲ့ဇနီးသည်၊ သားလေးနှစ်ယောက်တို့နဲ့ အတူ ပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားသူလည်းဖြစ်ပါတယ်။
ကိုပေါက်ကတော့ ကိုဗစ် Stay Home ကာလစတင်ကတည်းက ဟာသ Tik Tok တွေတောက်လျှောက်ရိုက်ပြီး ပရိသတ်ရဲ့ဘဝအမောတွေပြေစေခဲ့သူလည်းဖြစ်ပါတယ်။ အမျိုးမျိုးသော ဟာသရှုထောင့်မျိုးစုံနဲ့ ရိုက်ကူးထားတဲ့ ကိုပေါက်ရဲ့ Tik Tok မျိုးစုံကိုတော့ ပရိသတ်တွေသဘောကျနှစ်သက်နေတာဖြစ်ပြီး နောက်ပိုင်းမှာတော့ အနုပညာရှင်တွေကိုဆေးထိုးတဲ့ ကိုပေါက်ရဲ့ Tik Tok တွေကြောင့် ပိုလို့တောင် သဘောကျနေရပါသေးတယ်။
ဒီတစ်ခေါက်မှာလည်း ကြွက်သားအဖုအထစ်တွေနဲ့ ဆွဲဆောင်မှုရှိတဲ့မင်းသားတွေဖြစ်တဲ့ ညီထွဋ်ခေါင်နဲ့ ထူးအောင်တို့ကို ထပ်မံဆေးထိုးခဲ့ပြန်ပါတယ်။ သတင်းကြေညာသူ ခင်ရတနာ မေသူမိုးထက်သာ တသိမ့်သိမ့်တုန်ဆင်း တစ်ဖြစ်လဲ ကိုပေါက်ရဲ့ ဆေးထိုးထားတဲ့ဗွီဒီယိုလေးကတော့ ပရိသတ်တွေ တစ်ခဲနက်အားပေးထားကြတာမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source – Aung MIn Naing
Rainbow- Cele Gabar