“မေတ္တာမွန်ပရဟိတလူမှုကူညီရေးအသင်းကိုအလှူငွေ (၅)သိန်း သွားရောက်လှူဒါန်းပေးခဲ့တဲ့ ချယ်ရီသင်း”
Posted on
CeleGabar ပရိသတ်ကြီးရေ ချယ်ရီသင်းကတော့တကယ့်ကိုအသံပါဝါကောင်းတဲ့အမျိုးသမီးအဆိုရှင်တစ်ယောက်ဆိုတာ သူမရဲ့သီချင်းတွေကို နားထောင်ပြီးသိနိုင်ပါတယ်နော်။ဒါ့အပြင် မိခင်ကြီးကိုလည်း အလုပ်အ​ကျွေးပြုကာ တတ်နိုင်သမျှပြုစုစောင့်ရှောက်နေတဲ့ သမီးလိမ္မာတစ်ယောက်လည်း ဖြစ်ပါတယ်။
အလှူအတန်းမှာလည်း ငွေအားလူအားနဲ့တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းနေသူတစ်ဦးပါ။မနေ့ကကျရောက်တဲ့ဇန်နဝါရီလ၁၃ရက်နေ့မှာ ” #ဒီနေ့ မေတ္တာမွန်ပရဟိတလူမှုကူညီရေးအသင်းကိုအလှူငွေ (၅)သိန်း လှူဒါန်းခဲ့ပါတယ်မတည်အလှူရှင်မှာ ကိုရီးယား ကဘုန်းဘုန်းကလှူဒါန်းပေးတာဖြစ်ပါတယ်။ဒီအသင်းလေးကတကယ်လည်းလိုအပ်နေရာတွေကိုထိထိရောက်ရောက်ကူညီပေးနေလို့ နိူင်သလောက်ပါဝင်လှူဒါန်းပေးကြပါဦးနော်။
အခုလက်ရှိမြေနေရာအလှူရှင်ရထားပြီးဖြစ်ပါတယ်။ အဆောက်အဦးဆောက်ရန်အလှူရှင်များလိုအပ်နေပါတယ်နိူင်သလောက်လှူပေးပါဦးနော်။ဒီလင့်မှာ တိုက်ရိုက်လှူဒါန်းနိုင်ပါတယ် ❤️”ဆိုတဲ့စာလေးနဲ့သူမရဲ့လူမှူကွန်ရက်စာမျက်နှာမှာ လှူဒါန်းမှုပုံရိပ်တွေနဲ့တကွဖော်ပြခဲ့တာပါ။CeleGabarပရိသတ်တွေလည်း မုဒိတာပွားကာသာဓုခေါ်ပြီး သဒ္ဓါတရားထက်သန်လာတဲ့အခါပါဝင်လှူဒါန်းကြဖို့တိုက်တွန်းလိုက်ပါတယ်။
Koe -CeleGabar
Source- ချယ်ရီသင်း
Zawgyi Font ဖြင့်ဖတ်ရန်
Koe -CeleGabar
Source- ချယ်ရီသင်း