“ပြန်တွေ့မယ့်ရက်” သီချင်းလေးနဲ့ ပတ္တမြား FM ရဲ့ Song of the Month ဆုကိုရရှိထားတဲ့ ဘင်ဂျမင်

ပရိသတ်တွေရဲ့အချစ်တော် ဘင်ဂျမင်ကတော့ သူ့ရဲ့ ပထမဆုံး ကိုယ်ပိုင်သီချင်းလေး ဖြစ်တဲ့ “ပြန်တွေ့မယ့်ရက်” သီချင်းလေးနဲ့ မထင်မှတ်ထားလောက်အောင်ကို အောင်မြင်မှုတွေရရှိနေတာပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါ။ “ပြန်တွေ့မယ့်ရက်” သီချင်းလေးက Joox မှာလည်း ပရိသတ်နားဆင်မှုအများဆုံး Top (10)စာရင်းကို (၆)ပတ်တိတိရရှိထားပါသေးတယ်။

ဘင်ဂျမင်ရဲ့သီချင်းလေးက မြန်မာပြည်တွင်းမှာသာမက ပြီးခဲ့တဲ့ ဇွန်လ (၂၂)ရက်နေ့တုန်းကလည်း ဘင်ဂျမင်ရဲ့ ပထမဆုံးသီချင်းလေးဖြစ်တဲ့ “ပြန်တွေ့မယ့်ရက်” သီချင်းလေးကို ပြည်ပနိုင်ငံဖြစ်တဲ့ Japan နိုင်ငံ Fukuokaမြို့ Love FM Departure Lounge (International Song Program) မှာထုတ်လွှင့်ခြင်းခံခဲ့ရတဲ့အထိ အောင်မြင်မှုတွေရရှိခဲ့တာလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။

လတ်တလောမှာလည်း ဘင်ဂျမင်ရဲ့ သီချင်းလေးက ပတ္တမြား FM ရဲ့ Song of the Month ဆုကိုရရှိထားပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ ဘင်ဂျမင်ကလည်း အခုလို သူ့ရဲ့ ပထမဆုံး သီချင်းလေးကို အခုလောက်ထိပရိသတ်တွေအားပေးကြတဲ့အတွက် ပရိသတ်တွေကို ကျေးဇူးတင်ရှိကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားပါသေးတယ်။

Chilli – CeleGabar
Source – Benjamin Sum

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x