ဘုရားစာအလွတ်ရအောင် သင်ပေးခဲ့တဲ့ပန်ပန်ကို ထောပတ်ထမင်းနဲ့ ကျေးဇူးဆပ်ခဲ့တဲ့ ညီနန္ဒ

Posted on

ကိုဗစ်ကာလစတင်ကတည်းက ရိုက်ကူးရေးတွေရပ်နားလိုက်ရတာကြောင့် ညီနန္ဒကတော့ ဝင်ငွေရရှိအောင် ထောပတ်ထမင်းရောင်းချခဲ့သူဖြစ်ပြီး အခုဆိုရင် မထင်မှတ်ထားလောက်အောင် အားပေးကြမ်းတဲ့ပရိသတ်တွေကြောင့် စီးပွားရေးတစ်ခုအနေနဲ့ ဇောက်ချလုပ်ကိုင်နေပြီဖြစ်ပါတယ်။ ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုသလို ဈေးရောင်းဖို့သာမက ကုသိုလ်ယူဖို့အတွက်ပါ ပိုချက်ရင်း နေ့စဉ်နီးပါး ကျေးဇူးရှိဖူးသူတွေအတွက်ပါ လိုက်လံပို့ဆောင်ပေးနေသူပါ။

  ဒီတစ်ခေါက်မှာတော့ ဆုပန်ထွာတို့ ဇနီးမောင်နှံအိမ်ကို ထောပတ်ထမင်းသွားရောက်ပို့ဆောင်ပေးခဲ့ရင်း “ကျွန်တော့ဘဝအတွက်အရေးအကြီးဆုံးပုဂ္ဂိုလ်တွေထဲက ဒီနေ့ “‘ကိုနန္ဒ ထောပတ်ထမင်း”‘ ပို့ဖို့ အလှည့်ကျလာသူကတော့ ကျွန်တော့ကို “‘မဟာသမယသုတ်”‘ အလွတ်ရအောင် လမ်းပြကူညီပေးခဲ့တဲ့ ဓမ္မဆရာမ ချစ်ညီမလေး “‘ Supan Htwar “‘ ပါ…ချစ်ညီမလေး အကြောင်းပြောလိုက်တာနဲ့ ချစ်ကိုကြီး Ko “‘ Okkar Kyaw “‘ (လက်ရှိ ပေါ်ပြူလာအဖြစ်ဆုံး Celeကြီး ဂဠုန်ဦးစော) ကိုလည်းမေ့ထားလို့မရပါဘူး… ကျွန်တော်တို့မိသားစု အခက်အခဲကြုံတိုင်း ကူညီဖြေရှင်းပေးပြီး စိတ်ဓါတ်မကျဖို့ခွန်အားတွေပေးခဲ့တဲ့ ချစ်ကိုကြီးနဲ့ချစ်ညီမလေးပါ… အဲဒီစေတနာတွေကို ကျွန်တော့ရင်ထဲ တစ်သက်လုံးသိမ်းထားမှာပါ.. ချစ်ကိုကြီးနဲ့ချစ်ညီမလေး ကောင်းကျိုးလိုအင်ဆန္ဒတွေပြည့်စုံပါစေ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်မှာမှာ ဖော်ပြလာပါတယ်။

ပရိသတ်ကြီးရေ.. ပန်ပန်ကတော့ ဘာသာရေးလိုက်စားသူတစ်ယောက်ဖြစ်သလို မိတ်ဆွေအပေါင်းအသင်းနဲ့ ပရိသတ်တွေအတွက်ပါ တရားဓမ္မနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေ အမြဲလိုလိုမျှဝေပေးနေသူပါ။ ညီနန္ဒကတော့ သူ့ကို မဟာသမယသုတ်အလွတ်ရအောင်သင်ပေးခဲ့တဲ့အပြင် အားငယ်ချိန်မှာဖေးမကူညီပေးခဲ့တဲ့ ပန်ပန်တို့ဇနီးမောင်နှံအတွက် ဒီနေ့မှာ ထောပတ်ထမင်းသွားပို့ပေးခဲ့တာပဲ ဖြစ်ပါတယ်။


Source – Nyi Nanda
Rainbow- Cele Gabar