မိန်းကလေး ပရိသတ်တွေအတွက် (၅)မိနစ်နဲ့ အမြန်အလှပြင်နည်းကို ပြင်ပြလိုက်တဲ့ ခြူးစစ်ဟန်

Posted on

ပရိသတ်တွေရဲ့ အချစ်တော် မော်ဒယ်သရုပ်ဆောင်မင်းသမီးချောလေး ခြူးစစ်ဟန်ကတော့ ဒီနေ့မှာသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့မိန်းကလေး ပရိသတ်တွေအတွက် ဗီဒီယိုလေးတစ်ခုကို မျှဝေဖော်ပြလာခဲ့ပါတယ်။ ဗီဒီယိုလေးကတော့ မိန်းကလေးအတွက် အလှပြင်နည်းကို ပြသထားတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။

ဒီဗီဒီယိုလေးထဲမှာတော့ ခြူးစစ်ဟန်က အချိန် (၅)မိနစ်သာပေးရပြီး ဘယ်လိုလှအောင်ပြင်ရမလဲဆိုတာ ပြင်ပြခဲ့တာပဲဖြစ်ပါတယ်။ ဒီပြင်နည်းလေးကတော့ ခြူးစစ်ကိုယ်တိုင်လည်း ထသွားထလာ အမြဲတမ်းလိုလိုပြင်ဆင်တဲ့ နည်းလမ်းလေးဖြစ်ပြီး အလှကိုကြိုက်ပေမဲ့ အချိန်မပေးနိုင်တဲ့ မိန်းကလေးတွေအတွက်တော့ အရမ်းကို အဆင်ပြေလှတဲ့ မိတ်ကပ်ပြင်နည်းလေးလည်း ဖြစ်ပါတယ်။

အချိန် (၅)မိနစ်လောက်ပဲပေးရပြီး ရုံးသွားကျောင်းသွား ထသွားထလာ လွယ်လွယ်ကူကူပြင်ဆင်လို့ရတဲ့ မိတ်ကပ်ပြင်နည်းလေးမို့ CeleGabar ပရိသတ်ကြီးတွေထဲက အလှကြိုက်တဲ့ ပျိုပျိုမေတွေအတွက် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးတွေဒီပြင်နည်းလေးက အဆင်ပြေမပြေ ပြန်လည်ဖြေကြားပေးခဲ့ပါဦးနော်။

Chilli – Celegabar
Source – Chuu Sitt Han