Version အသစ်လေးနဲ့ ပြန်လည်ထွက်ရှိလာတဲ့ ယုန်လေးနဲ့ L ဆိုင်းဇီတို့ရဲ့ “အချစ်အတွက်ကံမကောင်းခဲ့သူ” သီချင်းလေး

Posted on

ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် သရုပ်ဆောင် ဒါရိုက်တာ ယုန်လေးနဲ့ အဆိုတော် Lဆိုင်းဇီတို့ နှစ်ယောက်သီဆိုထားတဲ့ “အချစ်တွက် ကံမကောင်းခဲ့သူ” သီချင်းလေးကို ပရိသတ်တွေ မှတ်မိကြဦးမယ်ထင်ပါတယ်။ (၂၀၀၅)ခုနှစ်လောက်က ထွက်ရှိခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပြီး ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ အထိအောင်မြင်ခဲ့တဲ့ သီချင်းလေးပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ ုယုန်လေးနဲ့ L ဆိုင်းဇီတို့ နှစ်ယောက်က ဒီသီချင်းလေးကိုVersion အသစ်တစ်မျိုးနဲ့ ပြန်လည်ဖန်တီးနေတာကိုလည်း ပရိသတ်တွေကိုကြေညာထားတာကြောင့် ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။ ဒီနေ့ ဇူလိုင်လ (၇)ရက်နေ့မှာတော့ ပရိသတ်တွေအရမ်းကြိုက်ခဲ့ရတဲ့ “အချစ် အတွက် ကံမကောင်းခဲ့သူ” သီချင်းလေးက Version နဲ့ ပြန်လည် ဆန်းသစ်ဖန်တီးထားတာလေးကထွက်ရှိလာခဲ့ပါပြီ။

CeleGabar ပရိသတ်ကြီးတွေ နားဆင်လို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်။ Version အသစ်လေးနဲ့ ထွက်ရှိလာတဲ့ “အချစ်တွက်ကံမကောင်းခဲ့သူ” သီချင်းလေးနဲ့ အရင် (၂၀၀၅) ခုနှစ်ကထွက်ရှိထားတဲ့ Old Version ဘယ်ပုံစံလေးကို ပိုကြိုက်လဲဆိုတာcelegabar ပရိသတ်ကြီးတွေ နားဆင်ပြီး ရင် ဖြေပေးခဲ့ကြပါဦးနော်။

Chilli – CeleGabar
Source – Yone Lay