မြနှင်းရည်လွင်ကတော့ သရုပ်ဆောင်၊မော်ဒယ်လ်တစ်ယောက်ဖြစ်သလို ဇာတ်လမ်းတွဲများစွာမှာ ပရိသတ်တွေရင်းနှီးပြီးသား အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ မြနှင်းရည်လွင်ကတော့ MRTVနဲ့ Canal+ ကထုတ်လွှင့်တဲ့ဇာတ်လမ်းတွဲတွေအပြင် MRTV-4 ရုပ်သံလိုင်းက ဇာတ်လမ်းတွဲများစွာမှာ ပါဝင်ဖူးတဲ့ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။
သူ့ကိုတော့ ဇာတ်ရုပ်တိုင်းလိုလိုမှာ ပီပြင်တဲ့သူအဖြစ်ပရိသတ်တွေသတ်မှတ်ခံထားရသလို ပရဟိတစိတ်ဓာတ်ရှိသူတစ်ယောက်လို့လည်း ဆိုရမှာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ဒီနေ့ မြန်မာနိုင်ငံမျက်မမြင်အသင်း မှာအသံလှုဖြစ်ပါတယ်။ အခုလိုလှုလို့ရတယ်ဆိုတာကိုပြောပြပေး လိုက်ပို့ပေးတဲ့ ချစ်ဆုံး Naing Thu Ta ကိုအရမ်းကျေးဇူးတင်ပါတယ်”ဆိုပြီးတော့ ရေးသားထားတဲ့အပြင် သူ့ရဲ့ပုံရိပ်လေးတွေကိုလည်း မျှဝေထားပါတယ်။
မြနှင်းရည်လွင်ကတော့ ကိုယ်တိုင်လည်းကုသိုလ်ပြုသလို အခြားသူတွေကိုလည်း ပြန်လည်မျှဝေခဲ့သူပါ။ အခုလိုမျိုးတတ်နိုင်သလောက်အလှူတွေ ပြုလုပ်ဖို့စိတ်ကူးထားတဲ့သူတွေရှိသလားနော်…
Source:MyaHninYeeLwin