CeleGabarပရိသတ်ကြီးရေ ကျော်ထက်ကတော့MRTV4ဇာတ်လမ်းတွဲတွေမှာ စတင်ရု်က်ကူးကတည်းက ကျရာဇာတ်ရုပ်ကိုပရိသတ်ရင်ထဲစွဲနေအောင် သရုပ်ဆောင်တတ်သူတစ်ယောက်ပါ။ လက်ရှိမှာ ပြသလျက်ရှိတဲ့ စေတလုံးမောင်ဘုန်းဇာတ်လမ်းတွဲမှာလည်း ကိုစိန်သောင်းအဖြစ်ပါဝင်ကာ မင်းသားမင်းဘုန်းမြတ်(မောင်ဘုန်း)ရဲ့အစ်ကို အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တာပါ။
မနေ့ကပြသခဲ့တဲ့အပိုင်း၂၃မှာတော့ ကိုစိန်သောင်းတစ်ယောက် ညီဖြစ်သူအတွက် အသေခံကာ ကာကွယ်ခဲ့တဲ့ ဇာတ်ရုပ်ကိုသရုပ်ဆောင်ခဲ့ကာ သူ့ရဲ့ ပါဝင်တဲ့အပိုင်းတွေ ပြီးဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ စေတလုံးမောင်ဘုန်းဇာတ်လမ်းတွဲကိုရိုက်ကူးတဲ့ ဇာတ်လမ်းဇာတ်ညွှန်းဒါရိုက်တာဖြစ်သူ သန်းထိုက် (ရွှေရိပ်)ကလည်း ကိုယ်တိုင်ကလည်း ကိူစိန်သောင်းကာရိုက်တာကိုအသေးစိတ်ကအစဂရုစိုက်စွာ သရုပ်ဆောင်ခဲ့ကြောင်း ချီးကျူခဲ့တာပါ။
” ဘယ်နဲ့လဲပရိသတ်ကြီး ရင်ထဲ ခိုးလိုးခုလုတွေများ ပိုဖြစ်သွားကြရဲ့လား…..😉😉
လှည့်ကွက်တွေနဲ့ပျော်နေလို့များမထင်ပါနဲ့ဗျာ… မနက်ဖြန်ဆို စေတစ်လုံးမောင်ဘုန်း နှုတ်ဆက်ပါတော့မယ်နော်… ဆက်လာမယ့် မကြေးစည် ကားလေးကို ဆက်လက်ကြည့်ရှုအားပေးပေါ့လေ…
ဒီည ဘ၀အမှောင်ထဲကနေ ထိုးထွက်လာပြီး ပရိသတ်ကြီးကို နှုတ်ဆက်သွားရတဲ့ စိန်သောင်း(ကျော်ထက်) အရမ်းအရမ်းတော်ပါတယ်။တစ်ကားလုံးမှာ အပင်ပန်းအခံဆုံးလို့ဂုဏ်ယူပြောလိုပါတယ်။နံရံနဲ့ခေါင်းဆောင့်ပြီးငိုတဲ့အခန်းဆို တကယ်ဆောင့်ခဲ့ပါတယ်။ မိခင်မြေပုံမှာ ပါးရိုက်ပြီး ငိုတဲ့အခန်းဆိုလည်း တကယ်သူ့ပါးသူရိုက်ခဲ့တာ ထမင်းတောင်မစားနိုင်တဲ့အထိပါပဲ။
ဒီနေ့ အရုပ်ကြီးပိုက်ပြီးဝင်လာတဲ့အခန်းဆို ခြံထဲ လိမ့်ချလိုက်ရမလားတဲ့ နာချင်သလောက်နာပစေတဲ့လေ… မနည်းတားခဲ့ရတယ်…သူငိုတဲ့အခန်းတွေက တကယ့်ကို အပင်ပန်းခံခဲ့တာပေါ့…လိုချင်တဲ့အတိုင်းထက်ပိုလုပ်ပေးခဲ့၊ complain မရှိ၊ ဇာတ်ဆရာအလိုကျ ကပြခဲ့သူကြီးပေါ့။
ဘာပဲဖြစ်ဖြစ် အရမ်းချစ်ပါတယ် စိန်သောင်းရေ… အမြဲအမှတ်တရပါပဲ….မမုန်းလိုက်ကြပါနဲ့ဗျာ၊ မဖက်လိုက် မိုက်ဖက်ပါခဲ့ရပေမယ့် အူလည်လည်အကိုကြီး ညီလေးအတွက် အသက်ပေးလို့ ပြန်ချစ်ခဲ့တာလေးနဲ့ ချေပေးလိုက်ကြပါလို့သာ….သန်းထိုက်(ရွှေရိပ်)
မနက်ဖြန်ဇာတ်သိမ်းမကြည့်ခင်လေး ရင်ထဲရှိရာလေး ရေးခဲ့နိုင်သလို အဆင်မပြေတာမြင်ခဲ့ရင်လည်း လွတ်လပ်စွာ ဆဲချင်သပဆိုလည်း ဆဲခဲ့နိုင်ပါကြောင်း….
ဘာပဲဖြစ်ဖြစ် မနက်ဖြန် ရင်နာစွာနဲ့ ဇာတ်ကိုသိမ်းရပါတော့မည်။ 😌”ဆိုတဲ့စာလေးနဲ့ ကျော်ထက်ရဲ့ကြိုးစားမှုတွေကို ချီးကျူးခဲ့တာပါ။CeleGabarပရိသတ်တွေလည်းကိုစိန်သောင်းရဲ့နောက်ဆုံးအပိုင်းလေးကိုကြည့်လိုက်ကြသေးရဲ့လားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။
Koe- CeleGabar
Source-KyawHtet
ZawgyiFont ဖြင့်ဖတ်ရန်
“မကြာခင်ဇာတ်သိမ်းတော့မယ် စေတလုံးမောင်ဘုန်းဇာတ်လမ်းတွဲမှာ ဘ၀အမှောင်ထဲကနေ ထိုးထွက်လာပြီး ပရိသတ်ကြီးကို နှုတ်ဆက်သွားရတဲ့ စိန်သောင်း(ကျော်ထက်) ဟာ တစ်ကားလုံးမှာ
အပင်ပန်းအခံဆုံးလို့ ချီးကျူးပြောပြလာတဲ့ ဒါရိုက်တာ သန်းထိုက်(ရွှေရိပ်)”
Koe- CeleGabar
Source-KyawHtet