မေမြို့မှာ သီချင်းအသစ်တစ်ပုဒ်အတွက် ရိုက်ကူးရေးသွားလုပ်နေတဲ့ G Fatt

ပရိသတ်ကြီးရေ လူငယ်တွေကြားမှာ အောင်မြင်ကျော်ကြားတဲ့ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် G fatt ကတော့ လတ်တလောမှာ မေမြို့ဘက်ကို ရောက်ရှိနေပါတယ်။ မေမြို့ဘက်ကိုရောက်နေရတဲ့ အကြောင်းအရင်းကတော့ G Fatt က မေမြို့ဘက်မှာ သူ့ရဲ့ သီချင်းအသစ်လေးအတွက် ရိုက်ကူးရေးတွေသွားရောက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

သီချင်းလေးကတော့ “အိပ်ယာဝင်ပုံပြင်” ဆိုတဲ့ သီချင်းလေးဖြစ်ပြီး သီချင်းရိုက်ကူးရေးကို မေမြို့ဘက်မှာသွားရောက်လုပ်ကိုင်နေတဲ့ အကြောင်းကို “ကျွန်တော် ဒီရက်ပိုင်း မှာ “အိပ်ယာဝင်ပုံပြင်” ဆိုတဲ့ သီချင်း အသစ်တစ်ပုဒ်ကို မေမြို့ ဘက်မှာ သွားရောက် ရိုက်ကူးခဲ့ပါတယ်” ဆိုပြီးG Fatt က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ ပရိသတ်တွေ သိရှိရအောင် ဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

G Fatt ရဲ့ ပရိသတ်တွေကတော့ G Fatt ရဲ့ သီချင်းတွေကိုမျှော်လင့်နေကြပြီး သီချင်းအသစ်တေါမြန်မြန်ထုတ်ပေးဖို့ကို တောင်းဆိုနေကြပါသေးတယ်။ G Fatt ကလည်း သူ့မှာ သီချင်းအသစ်တွေ ရေးလိုက် အသံသွင်းလိုက် ရိုက်လိုက်လုပ်နေပေမဲ့ တစ်ပုဒ်မှ မထုတ်ရသေးတာကြောင့် ပရိသတ်တွေဆူလည်း အဆူခံရမှာပါပဲတဲ့။

Chilli – CeleGabar
Source – G fatt

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x