ယွန်းမီမီကျော်ကတော့ (၂၀၁၄)ခုနှစ် မြန်မာ့မယ်စင်္ကြာဝဠာ ပြိုင်ပွဲကြီးမှာ First Runner Up ဆုကြီးကို ရရှိခဲ့ပြီး ပရိသတ်အချစ်တွေကို သိမ်းပိုက်ထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ယွန်းမီမီကျော်ကတော့ Miss တစ်ယော်အနေနဲ့သာမက လက်ရှိမှာလည်း ထိပ်တန်းမော်ဒယ်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေပိုမိုရရှိနေပြီပဲဖြစ်ပါတယ်။
မနေ့က ဇူလိုင်လ (၇)ရက်နေ့ကတော့ ယွန်းမီမီကျော်ရဲ့မွေးနေ့ရက်မြတ်လေးကျရောက်ခဲ့တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ ယွန်းမီမီကျော်ကတော့ မွေးနေ့ရက်မြတ် မနက်ခင်းလေးမှာ ဘုရားသွားကုသိုလ်ယူခဲ့ပါတယ်။ ပြီးတဲ့ နောက်မှာတော့ ကုတင်(၅၀၀)ဆေးရုံကြီးမှာ မွေးနေ့အလှူအဖြစ် လူအယောက် (၃၀၀)စာအတွက် မနက်စာ အာဟာရဒါနပြုလှူဒါန်းခဲ့ပါတယ်။
မနက်စာအဟာရဒါနအလှူလေးအပြင် Covid -19 ကာကွယ်ရေးအတွက် အဓိကလိုအပ်တဲ့ Maskတွေကိုလည်း အခုရေ (၃၀၀၀)တိတိကို လှူဒါန်းပေးခဲ့ပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် ယွန်းမီမီကျော်ရဲ့ မွေးနေ့အလှူလေးအတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ။
Chilli _ CeleGabar
Source – Yoon Mi Mi Kyaw