” သတ်သတ်လွတ်စားတာ ၄ လလောက်ရှိကာ အလုပ်များပြီး အစားသိပ်မစားနိုင်တာကြောင့် Covid ရောဂါပိုးဝင်သွားကာ covid positive ဖြစ်သွားခဲ့တယ်ဆိုတဲ့ ခင်သဇင်”

Posted on

CeleGabar ပရိသတ်ကြီးရေ ခင်သဇင်ကတော့ ထာဝရနှောင်ကြိုး”ဇာတ်လမ်းတွဲကနေ ပရိသတ်တွေပိုမို အားပေးခြင်းခံလာရတဲ့ မင်းသမီးတစ်လက်ပါ။ အလှူအတန်းဆိုရင်လည်း လက်မနှေးဘဲ ပရဟိတတွေများစွာလုပ်ဆောင်လေ့ရှိသူပါပဲနော်။


ဒီနေ့မှာတော့” ခေတ်မှီသွားပါပြီ …ဒီနေ့ covid positive ထွက်ပါတယ်..
သတ်သတ်လွတ်စားတာ ၄ လလောက်ကြာတာရယ်အလုပ်များတာရယ်အစားသိပ်မစားနိုင်တာရယ်ကြောင့်Covid ပိုးဝင်သွားတာ ထင်ပါတယ်..။အိမ်မှာက အဒေါ်ကလည်း အသက် ၇၀ ကျော် အိမ်အကူလေးကလည်း ဘာမှ မလုပ်တတ်ကိုယ်ကလည်း တစ်ယောက်တည်းပဲရှိတော့Covid သံသယ ဖြစ်နေတုန်း ဘာလုပ်ရမှန်း တကယ် မသိဘူး။


အဲတာနဲ့ easy health ကို ဖုန်းဆက်ပြီး ဆရာဝန်တွေ အိမ်ပင့်တော့ ဆရာဝန်ရယ် .. Nurse ရယ် စစ်ဆေးတဲ့ ပစ္စည်းတွေရယ်နဲ့ ၁ နာရီ အတွင်းရောက်လာပါတယ်သေချာ စစ်ဆေးပေးပြီး သောက်ဆေးတွေရေးပေးခဲ့ပါတယ်..အိမ်က အဒေါ်က စစ်တော့ အသက် ၇၀ ကျော် က negative ပါတဲ့နော် 🤪🤪🤪ဘာပဲ ပြောပြောအခုလို အိမ်တိုင်ရာရောက် ဆေးကုသ စစ်ဆေးမှု Home service တွေရှိတာ အရမ်း အဆင်ပြေပါတယ်..စိတ်ထဲမှာ တခုခုဆို ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတာထပ်စာရင် အများကြီး စိတ်ချ လုံခြုံမှုရှိတယ် ခံစားရတယ်..
သေချာ ဂရုတစိုက်နဲ့ အားပေးစကားပြောပြီး ကုသပေးတဲ့ easy health ကိုလည်း ကျေးဇူးတင်ပါတယ်..ခုတော့ အိမ်တွင်းအောင်းပြီး အနားယူလိုက်ဦးမယ်ကွယ် 😌”ဆိုတဲ့စာလေးနဲ့ သူမရဲ့ကျန်းမာရေးအခြေအနေကိုပြောပြခဲ့တာပါ။CeleGabarပရိသတ်တွေလည်း ခင်သဇင်တစ်ယောက်အမြန်ဆုံးသက်သာဖို့ ဆုတောင်းပေးခဲ့ပါဦးနော်။

Koe-CeleGabar
Source – KhinThazin
ZawgyiFontဖြင့်ဖတ်ရန်





Koe-CeleGabar
Source – KhinThazin