မွေးနေ့အလှူအဖြစ် တိက္ခာရာမသီလရှင်စာသင်တိုက်မှာ တစ်နပ်စာ အာဟာရဒါနလှူဒါန်းခဲ့တဲ့ အောင်ရေချမ်း

Posted on

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသားချော အောင်ရေချမ်းကတော့ မနေ့က ဇူလိုင်လ (၇)ရက်နေ့မှာ မွေးနေ့ရက်မြတ်လေးကျရောက်ခဲ့တာပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ အောင်ရေချမ်းကတော့ မွေးနေ့အလှူလေးအနေနဲ့ တိက္ခာရာမသီလရှင်စာသင်တိုက်မှာ ရှိတဲ့ သီလရှင် ဆရာကြီးဆရာလေးအပါအဝင်မိဘမဲ့ကလေးငယ် ၁၅၀ နီးပါးအတွက် တစ်နပ်စာ အဟာရဒါန လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

ဒီနှစ်မှာ ပြုလုပ်တဲ့ မွေးနေ့အလှူလေးကတော့ သူ့ကို သရုပ်ဆောင်အောင်ရေချမ်း လို့ ပရိသတ်အသိအမှတ်ပြုခံရတဲ့ အနုပညာသက်တမ်း (၁၀)နှစ်အတွင်း ပထမဆုံး လုပ်ဖြစ်တဲ့မွေးနေ့အလှူလည်းဖြစ်ပြီး ဒီမွေးနေ့အလှူလေးမှာ အဖက်အဖက်ကကူညီပေးကြတဲ့ မိတ်ဆွေသူငယ်ချင်းများ အလှူကျင်းပရာ သီလရှင်စာသင်တိုက်ထိ လူကိုယ်တိုင်ကြွရောက်ချီးမြှင့်ပေးကြသောရုပ်ရှင် ထုတ်လုပ်ရေးပိုင်ရှင်များ၊ဆရာဦးဝင်းငြိမ်းအပါအဝင် မီဒီယာမှ ဆရာ/ဆရာမများ၊ MRTV – 4 မှသရုပ်ဆောင်သူငယ်ချင်းများ၊ဖုန်း၊ fb messenger , တို့မှမွေးနေ့ဆုတောင်းပေးကြသော ပရိသတ်များ ၊မိတ်ဆွေသူငယ်ချင်းများ အားလုံးကိုကျေးဇူးတင်ရှိကြောင်းလည်း ပြောထားပါသေးတယ်။

ဧည့်ခံတဲ့နေရာမှာ လိုအပ်ချက်လေးများရှိခဲ့ရင်လည်း ခွင့်လွှတ်နားလည်ပေးပါ ကျွန်တော် ပရိသတ် စိတ်ကျေနပ်အားရစေတဲ့သရုပ်ဆောင် ကောင်းတစ်ယောက်ဖြစ်အောင် ရှေ့ဆက်ကြိုးစားနေပါမယ် လို့လည်း အောင်ရေချမ်းက ပရိသတ်တွေကို ကတိပေးလိုက်ပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ ကိုတင်ဖေကို အားပေးဖို့ အဆင်သင့်ပဲလား။

Chilli – CeleGabar
Source – Aung Yay Chan