သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပါဝင်လှူတန်းခဲ့တဲ့ သန္တာလှိုင်တို့ဇနီးမောင်နှံ

Posted on

မော်ဒယ်လ်လောကရဲ့ စံပြတစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကိုတော့ ပရိသတ်တွေသိကြမှာပါ။ သန္တာလှိုင်ကတော့ အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားတာကြောင့်လည်း အခြားသူတွေအတွက် အားကျစရာကောင်းနေတာပါ။ သန္တာလှိုင်ကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတာမျိုးတွေအတွက် ဗဟုသုတတွေမျှဝေပေးတတ်သလို ကိုယ်တိုင်လည်း ပါဝင်လှူဒါန်းတတ်သူပါ။


သန္တာလှိုင်အလှူနဲ့ပတ်သက်ပြီး 3A Forest Restoration Society ကနေပြီးတော့ “၁၂.၇.၂၀၂၀ရက်နေ့မှာ တောင်တွင်းကြီးသစ်ပင်ချစ်သူများကွန်ယက်မှဦးဆောင်ပြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်သွားမည့် သစ်ပင်စိုက်ပျိုးပွဲနှင့်ရေရှည်ထိန်းသိမ်းဆောင်ရွက်ရေးအစီအစဉ်အတွက် 3A အဖွဲ့နှင့်အတူ ပူးပေါင်းလှူဒါန်းမှုအဖြစ် အရိပ်ရသစ်ပင် (၅၀၀)အားမွေးနေ့အထိမ်းအမှတ်အဖြစ် လှူဒါန်းပေးခဲ့သည့် အမ မသန္တာလှိုင် အား ကျနော်တို့ 3A Forest Restoration Society မှ အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် မွေးနေ့မှသည်နှစ်ပေါင်းများစွာတိုင်အောင် သဘာဝပတ်ဝန်းကျင်၏ စိမ်းလန်းခြင်း၊ခိုင်ခံ့တည်တံ့ခြင်းနှင့်အတူ ပျော်ရွှင်ဘဝကိုပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုတောင်းအပ်ပါတယ်ခင်ဗျာ”ဆိုပြီးတော့ ရေးသားဖော်ပြထားတာပါ။


သန္တာလှိုင်ကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ကိုယ်က အပင် ၅၀၀ စိုက်ရင် သူတို့ကလဲ ၅၀၀ ထပ်စိုက်ပေးတဲ့ 3A Forest Restoration Society ကို ကျေးဇူးအထူးတင်လျှက်… ဒါတောင် အိမ်မှာ ကိုယ်စားပြီး ကောင်းတဲ့အစိတွေ ကိုယ်တိုင်ပျိုးပြီး လျှောက်စိုက်ထားတဲ့ ဒူရင်းပင် လိုင်ချီးပင်တွေ သီဟိုအပင်နဲ့ မင်းဂွတ်အပင်တွေ က ဒီ ၅၀၀ အပြင် သပ်သပ်ထပ်စိုက်ထားတာနော်… နောက်လထဲမှာလဲ နောက်ထပ် အပင် ၅၀၀ ထပ်စိုက်အုံးမယ် ဘယ်သူတွေပါဝင်စိုက်ကြမလဲ?” ဆိုပြီးတော့ ရေးသားထားပါသေးတယ်။ သန္တာလှိုင်ကတော့ လက်ရှိအလှူအပြင်နောက်ထပ်လည်းထပ်ပြီးတော့ လှူဒါန်းသွားဦးမယ်လို့သိရပါတယ်။ သူ့လိုမျိုးသစ်ပင်စိုက်ပျိုးရေးမှာလှူချင်တဲ့သူတွေရှိလားနော်…
Source:ThandarHlaing