နာမည်ကြီးမိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ မိတ်ကပ်ဆူးကတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ မိတ်ကပ်ဆူးကတော့ သူတတ်ကျွမ်းတဲ့ပညာရပ်ကို သင်တန်းတွေဖွင့်ကာပြန်လည်ပို့ချနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူကတော့ ဟန်ဆောင်မှုမရှိပွင့်ပွင့်လင်းလင်းစကားပြောတတ်လွန်းသူတစ်ယောက်ဖြစ်တာကြောင့်လည်း ပရိသတ်တွေကသဘောကျကြတာလည်း ရှိပါသေးတယ်။
မိတ်ကပ်ဆူးကိုတော့ မိတ်ကပ်ပိုင်းဆိုင်ရာမှာ ကျွမ်းကျင်တဲ့သူတစ်ယောက်ဆိုတဲ့အပြင် အနုပညာအရည်အချင်းတွေလည်းရှိကြောင်း ပရိသတ်တွေမြင်တွေ့လာရတော့မှာပါ။ သူကတော့ ဒါရိုက်တာပြည်ဟိန်းသီဟရိုက်ကူးထားတဲ့ “Gentle Woman” ဆိုတဲ့ ဇာတ်ကားကိုရိုက်ကူးထားတာဖြစ်ပြီး ဒီဇာတ်ကားထဲမှာ ဘယ်လိုကာရိုက်တာမျိုးနဲ့မြင်တွေ့ရမလဲဆိုတာကတော့ ရင်ခုန်စရာပါ။ နောက်ထပ်လည်း ရုပ်ရှင်ဇာတ်ကားတွေ လက်ခံရိုက်ကူးသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
မိတ်ကပ်ဆူးကတော့ သူ့ရဲ့ပွင့်လင်းတဲ့စကားပြောဟန်တွေကြောင့် နာမည်ကြီးသလို မကြာခဏဆိုသလို Tik Tok လေးတွေဆော့ထားတာကိုပြန်လည်မျှဝေတဲ့အခါမှာလည်း ပရိသတ်တွေပွဲကျရတဲ့သူတစ်ယောက်ပါ။ အခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားမှာလည်း မြင်ရဦးမှာဆိုတော့ ပရိသတ်ကြီးက ရင်ခုန်နေပြီလားနော်…
Source:ExclusiveonCeleGabar