ပိုင်တံခွန်ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ပြန်လည်ဖြေရှင်းလာခဲ့တဲ့ ပိုင်တံခွန်ရဲ့အစ်မ

Posted on

တစ်နှစ်သာဖြစ်သွားတယ် အဲ့ဟာကြီးက ပျောက်မသွားသေးဘူး ပရိသတ်ကြီးရေ လတ်တလောလူမှုကွန်ရက်စာမျက်နှာထက်မှာ ပရိသတ်တွေရဲ့ အချစ်တော်တွေဖြစ်တဲ့ အူဝဲနဲ့ ပိုင်တံခွန်တို့ ဖမ်းဆီးထိန်းသိမ်းခံရခြင်းကနေ ပြန်လည်လွတ်မြောက်လာတယ်ဆိုတဲ့ သတင်းလေးက ပြန့်နှံ့နေခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သတ်ပြီး ပိုင်တံခွန်ရဲ့ အမဖြစ်သူက မောင်ဖြစ်သူပိုင်တံခွန်ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းဟာမဟုတ်မမှန်ကြောင်းနဲ့ ပိုင်တံခွန်နဲ့ သူ့ရဲ့ မိသားစုတွေ ပိုင်တံခွန်ဖမ်းဆီးခံရပြီးနောက်ပိုင်း လုံးဝကိုမတွေ့ရသေးကြောင်း “တစ်နှစ်သာဖြစ်သွားတယ် အဲ့ဟာကြီးက ပျောက်မသွားသေးဘူး။ ပိုင်တံခွန် ခုထိ မလွတ်သေးပါနော် ။ မိသားစုက သူ့အရိပ်တောင် မမြင်ရသေးပါဘူး။

မနက်တည်းက ဖုန်းတွေဆက်တိုက်လာနေတာ ဖြေရတာ မောလာလို့ပါ။လွတ်လာရင် ပြောပါ့မယ်ဗျာနော်”ဆိုပြီး မောင်ဖြစ်သူပိုင်တံခွန်နဲကပတ်သက်လို့ သတင်းတစ်ခုခုထူးခဲ့ရင်သူကိုယ်တိုင်အရင်အသိပေးမှာဖြစ်တာကြောင့် သတင်းမှားတွေကို မယုံကြဖို့ ဖြေရှင်းထားခဲ့ပါတယ် ပရိသတ်ကြီးရေ။

Source – May Chit Thway

Chilli – CeleGabar

Zawgyi

ပိုင္တံခြန္ျပန္လည္လြတ္ေျမာက္လာၿပီဆိုတဲ့ သတင္းနဲ႔ပတ္သက္ၿပီး ျပန္လည္ေျဖရွင္းလာခဲ့တဲ့ ပိုင္တံခြန္ရဲ႕အစ္မ

တစ္ႏွစ္သာျဖစ္သြားတယ္ အဲ့ဟာႀကီးက ေပ်ာက္မသြားေသးဘူး ပရိသတ္ႀကီးေရ လတ္တေလာလူမႈကြန္ရက္စာမ်က္ႏွာထက္မွာ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ေတြျဖစ္တဲ့ အူဝဲနဲ႔ ပိုင္တံခြန္တို႔ ဖမ္းဆီးထိန္းသိမ္းခံရျခင္းကေန ျပန္လည္လြတ္ေျမာက္လာတယ္ဆိုတဲ့ သတင္းေလးက ျပန႔္ႏွံ႔ေနခဲ့ပါတယ္။

ဒီသတင္းနဲ႔ ပတ္သတ္ၿပီး ပိုင္တံခြန္ရဲ႕ အမျဖစ္သူက ေမာင္ျဖစ္သူပိုင္တံခြန္ျပန္လည္လြတ္ေျမာက္လာၿပီဆိုတဲ့ သတင္းဟာမဟုတ္မမွန္ေၾကာင္းနဲ႔ ပိုင္တံခြန္နဲ႔ သူ႔ရဲ႕ မိသားစုေတြ ပိုင္တံခြန္ဖမ္းဆီးခံရၿပီးေနာက္ပိုင္း လုံးဝကိုမေတြ႕ရေသးေၾကာင္း “တစ္ႏွစ္သာျဖစ္သြားတယ္ အဲ့ဟာႀကီးက ေပ်ာက္မသြားေသးဘူး။ ပိုင္တံခြန္ ခုထိ မလြတ္ေသးပါေနာ္ ။ မိသားစုက သူ႔အရိပ္ေတာင္ မျမင္ရေသးပါဘူး။

မနက္တည္းက ဖုန္းေတြဆက္တိုက္လာေနတာ ေျဖရတာ ေမာလာလို႔ပါ။လြတ္လာရင္ ေျပာပါ့မယ္ဗ်ာေနာ္”ဆိုၿပီး ေမာင္ျဖစ္သူပိုင္တံခြန္နဲကပတ္သက္လို႔ သတင္းတစ္ခုခုထူးခဲ့ရင္သူကိုယ္တိုင္အရင္အသိေပးမွာျဖစ္တာေၾကာင့္ သတင္းမွားေတြကို မယုံၾကဖို႔ ေျဖရွင္းထားခဲ့ပါတယ္ ပရိသတ္ႀကီးေရ။