ယခုအချိန်ထိ အိန္ဒြာကျော်ဇင် နဲ့ပတ်သက်ပြီး ဘာမှမသိရသေးကြောင်း ပြောကြားလာတဲ့ အိန္ဒြာကျော်ဇင်ရဲ့ အစ်မ

Posted on

ပရိသတ်ကြီးရေ ဒီနေ့ မနက်ပိုင်း လူမှုကွန်ရက်စာမျက်နှာထက်မှာ ပြန့်နှံ့ခဲ့တဲ့ အူဝဲနဲ့ ပိုင်တံခွန်တို့ ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းလေးကတော်တော်လေးကို ဂယက်ထခဲ့တဲ့ အထိဖြစ်ခဲ့ပါတယ်။ ကာယကံရှင်တွေဖြစ်တဲ့ ပိုင်တံခွန်ရဲ့ အစ်မဖြစ်သူကတော့ သတင်းအမှားသာဖြစ်ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပြန်လည်းဖြေရှင်းခဲ့ပါတယ်။

ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်ရဲ့ သတင်းနဲ့ပတ်သက်လို့လည်း အူဝဲရဲ့အစ်မဖြစ်သူ ဒီဇိုင်နာ အိကျော်ဇင်ကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အခုလိုပဲပြန်လည်ဖြေရှင်းထားခဲ့ပါတယ်။ “မိသားစုကအတည်မပြုသရွေ့ဘယ်သတင်းမှမယုံကြဖို့အသိပေးချင်ပါတယ်ရှင်..ယခုချိန်ထိမိသားစုမှဘာမှမသိရသေးပါဘူးရှင်..

သတင်းဌာနကြီးများမှလည်းသတင်းများကိုသေချာအတည်ပြုပြီးမှတင်ပေးစေလိုကြောင်းအထူးမေတ္တာရပ်ခံအပ်ပါတယ်ရှင်” ဆိုပြီးတော့ အခုချိန်ထိကာယကံရှင်တွေရဲ့ မိသားစုတွေတောင်ဘာမှမသိရသေးတဲ့အကြောင်း သတင်းမှားတွေမဖြန့်ကြဖို့မေတ္တာရပ်ခံထားခဲ့တာပဲဖြစ်ပါတယ် CeleZone ပရိသတ်ကြီးရေ…

Source – Ei Kyaw Zin

Chilli – CeleGabar

Zawgyi Font ဖြင့်ဖတ်ရန်

ယခုအခ်ိန္ထိ အိျႏၵာေက်ာ္ဇင္ နဲ႔ပတ္သက္ၿပီး ဘာမွမသိရေသးေၾကာင္း ေျပာၾကားလာတဲ့ အိျႏၵာေက်ာ္ဇင္ရဲ႕ အစ္မ

ပရိသတ္ႀကီးေရ ဒီေန႔ မနက္ပိုင္း လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ ျပန႔္ႏွံ႔ခဲ့တဲ့ အူဝဲနဲ႔ ပိုင္တံခြန္တို႔ ျပန္လည္လြတ္ေျမာက္လာၿပီဆိုတဲ့ သတင္းေလးကေတာ္ေတာ္ေလးကို ဂယက္ထခဲ့တဲ့ အထိျဖစ္ခဲ့ပါတယ္။ ကာယကံရွင္ေတြျဖစ္တဲ့ ပိုင္တံခြန္ရဲ႕ အစ္မျဖစ္သူကေတာ့ သတင္းအမွားသာျဖစ္ေၾကာင္းသူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ျပန္လည္းေျဖရွင္းခဲ့ပါတယ္။

ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ျဖစ္တဲ့ အိျႏၵာေက်ာ္ဇင္ရဲ႕ သတင္းနဲ႔ပတ္သက္လို႔လည္း အူဝဲရဲ႕အစ္မျဖစ္သူ ဒီဇိုင္နာ အိေက်ာ္ဇင္ကလည္း သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန အခုလိုပဲျပန္လည္ေျဖရွင္းထားခဲ့ပါတယ္။ “မိသားစုကအတည္မျပဳသေ႐ြ႕ဘယ္သတင္းမွမယုံၾကဖို႔အသိေပးခ်င္ပါတယ္ရွင္..ယခုခ်ိန္ထိမိသားစုမွဘာမွမသိရေသးပါဘူးရွင္..

သတင္းဌာနႀကီးမ်ားမွလည္းသတင္းမ်ားကိုေသခ်ာအတည္ျပဳၿပီးမွတင္ေပးေစလိုေၾကာင္းအထူးေမတၱာရပ္ခံအပ္ပါတယ္ရွင္” ဆိုၿပီးေတာ့ အခုခ်ိန္ထိကာယကံရွင္ေတြရဲ႕ မိသားစုေတြေတာင္ဘာမွမသိရေသးတဲ့အေၾကာင္း သတင္းမွားေတြမျဖန႔္ၾကဖို႔ေမတၱာရပ္ခံထားခဲ့တာပဲျဖစ္ပါတယ္ CeleZone ပရိသတ္ႀကီးေရ…

Source – Ei Kyaw Zin

Chilli – CeleGabar