” ​ချစ်ခင်ပွန်းအောင်သူဆီက ချစ်သူများနေ့အထိမ်းအမှတ်အဖြစ် ပန်းစည်းရရှိခဲ့ကာကြည်နူးပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေဝေမျှခဲ့တဲ့ ပိုးအိအိခန့်”
CeleGabar ပရိသတ်ကြီးရေ ပြည်သူ့အချစ်တော်မင်းသမီးလေး ပိုးအိအိခန့် က​တော့ နိုင်ငံကျော်ဘောလုံးသမားအောင်သူနဲ့ အတူ ပျော်ရွင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ထားကြတာပါ။အခုဆိုရင် ချစ်စရာကောင်းပြီး မျက်နှာချိုလှတဲ့ သားလေးကို ပိုင်ဆိုင်ထားပြန်ပါပြီနော်။
ဒီနေ့ကျရောက်တဲ့ချစ်သူများနေ့မှာ ” လင်နဲ့မယား ဆိုတာ ဘယ်လက်နဲ့ညာလက်လိုပေါ့ အတူတူနေတာ ကြာလာတဲ့အခါတဖက် ကို တဖက်က ဆုပ်ကိုင်ထားရင် ဘာမှမခံစားရဘူးလို့ ထင်ရပေမယ့်တဖက်ကိုသာ ဖြတ်လိုက်မယ်ဆိုရင်နာကျင်ခံစားရမှာပါပဲ တနေ့ ဘယ်ဖက်လက် ဒဏ်ရာရလို့ သွေးထွက်တဲ့အခါညာဖက်လက်က ဆေးသိပ်ပေးတယ်။တနေ့ ညာဖက်လက်က ယားနေတဲ့အခါဘယ်ဖက်လက်က အယားပြေအောင် ကုတ်ပေးတယ်။
တနေ့ ဘယ်ဖက်လက်က ပစ္စည်းသယ်ရတာ လက်ညောင်းလာတဲ့အခါညာဖက်လက်က အညောင်းသက်သာအောင် ကူသယ်ပေးပြန်တယ်ဒါကြောင့် ဘယ်ဖက်လက်ကို မငြိုငြင် မိဖို့လိုသလိုညာဖက်လက်ကိုလည်း မငြိုငြင် မိပါစေနဲ့ဘယ်လက် နဲ့ ညာလက် စည်းချက်ညီရိုက်မှသာ
သာယာတဲ့ လက်ခုပ်သံ ဆိုတာ ပေါ်လာနိူင်တာပါ…#မူရင်းရေးသားသူကိုဂါရဝပြုပါတယ်
ဒါနဲ့စကားမစပ် ယောကျာ်းဘောင်းဘီ အရမ်းလှ 😂မိန်းမဝယ်ပေးထားတာ 😜😜😜
Happy Valentine’s Day ပါ ချစ်ခင်ပွန်း”ဆိုတဲ့စာလေးနဲ့အတူ ခင်ပွန်းအောင်သူက ပန်းစည်းလေးလက်ဆောင်ပေးခဲ့တဲ့ပုံရိပ်လေးတွေကိုတင်လာခဲ့တာပါ။ သားလေးကိုပိုင်ဆိုင်ထားခဲ့​ေပမယ့်လည်းအခုချိန်ထိအရိပ်တကြည့်ကြည့်အချစ်ခံနေရတဲ့ ပိုးအိအိခန့်ကတော့တကယ့်ကို ကံကောင်းတဲ့​အမျိုးသမီးလေးပါပဲနော်။
Koe-CeleGabar
Source – PoeEiEiKhant
ZawgyiFontဖြင့်ဖတ်ရန်
သာယာတဲ့ လက်ခုပ်သံ ဆိုတာ ပေါ်လာနိုင်တာပါ…#မူရင်းရေးသားသူကိုဂါရဝပြုပါတယ်
Koe-CeleGabar
Source – PoeEiEiKhant
Check Also
” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”
CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …
x