ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် စမိုင်းလ်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက သာသနာဘောင်ကို ဝင်ရောက်သွားခဲ့တာ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ စမိုင်းလ်ကတော့ သစ်တံခါးကျောင်းတိုက်မှာ (၃)ရက်တာ အဓိဌာန်ဝင်ရောက်နေခဲ့ပြီး ဒီနေ့မှာတော့ သစ်တံခါးကျောင်းတိုက်ကနေ အောင်ဇမ္ဗူကျောင်းတိုက်ကို ပြန်ကြွတော့မှာပဲဖြစ်ပါတယ်။
စမိုင်းလ်ကတော့ အောင်ဇမ္ဗူကျောင်းကို မပြောင်းမှီ သစ်တံခါးဆရာတော်ထံမှာခွင့်ပြုရန် ပန်ကြားပြီး ဆရာတော်ကြီးတွေရဲ့ ကုဋီများနဲ့ လမ်းတစ်လျှောက်ကို သန့်ရှင်းရေးလုပ်ကုသိုလ်ယူခဲ့တဲ့အကြောင်းကို “ဆရာလေးတို့အောင်ဇမ္ဗူကျောင်းသို့မပြောင်းမှီဆရာတော်ထံမှခွင့်ပြုပါရန်ပန်ကြားပြီး ဆရာတော်များရဲ့ကုဋီများလမ်းတစ်လျှောက်သန့်ရှင်းရေးလုပ်ပြီးသစ်တံခါးကျောင်းမှပြန်ကြွ”လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာခဲ့ပါတယ်။
ပရိသတ်တွေကတော့ စမိုင်းလ်ရဲ့ လုပ်အားဒါန ပြုလုပ်ခဲ့တဲ့ ကုသိုလ်လေးကို ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုနေခဲ့ကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း စမိုင်းလ်ရဲ့ ကာလဒါန လုပ်အားဒါန ကုသိုလ်လေးအတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Chilli – CeleGabar
Source – Smile စမိုင်းလ်