ကျောင်းစာတွေကို အစအဆုံး ဆိုပြနိုင်နေပြီဖြစ်တဲ့ ခေတ်နဲ့ သစ်တို့ရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေး

ပရိသတ်အချစ်တော် ဆယ်လီကလေးလေးတွေဖြစ်တဲ့ ခေတ်နဲ့ သစ်တို့ အမွှာညီအစ်မကတော့ အရမ်းကိုချစ်စရာ ကောင်းလွန်းလို့ ပရိသတ်တွေအသည်းကျော်လေးတွေဖြစ်နေကြတာပါ ။ ခေတ်နဲ့ သစ်တို့ရဲ့ နေ့စဉ် လှုပ်ရှားမှုလေးတွေကို သူတို ငယ်ငယ်လေးထဲက ပရိသတ်တွေအတွက် မျှဝေပေးလာခဲ့တာ အခုဆိုရင် ခေတ်နဲ့သစ်က သူငယ်တန်းဖတ်စာတွေကိုတောင်ဖတ်တတ်တဲ့ အရွယ်ရောက်နေပါပြီ နော် ။

ဒီနေ့မှာတော့ မေမေထရီဇာက ခေတ်နဲ့သစ်တို့က ကကြီး ခခွေးကို အစဆုံးထိ ဆိုပြနိုင်ပြီဖြစ်ကြောင်းကို ဗီဒီယိုလေး ရိုက်ပြီး ပရိသတ်တွေကိုမျှဝေပေးခဲ့တာဖြစ်ပါတယ် ။ သစ်ကလေး “မေမေ သစ်သစ်နားမှာနေ သစ်သစ်မေမေ့ပေါ်မှာထိုင်ရေးချင်တယ်” မယ်ခေတ် “မေမေ မသင်ပေးနဲ့..ခေတ်ခေတ်ဘာသာခေတ်ခေတ်ရေးတတ်တယ်” ဆိုတဲ့ ခေတ်နဲ့သစ်တို့ရဲ့ မတူညီမှုလေး တွေကို ရေးသားပြီး ကကြီး ခခွေးကို အဆုံးထိ ဆိုပြခဲ့တဲ့ ဗီဒီယိုလေး ကို ဖေဘုတ်စ် စာမျက်နှာထက်ကနေ တင်ပေးခဲ့တာဖြစ်ပါတယ် ။

ပရိသတ်တွေကတော့ အလည်မလေးခေတ်နဲ့ သစ် ကို ကျောင်းစာတွေ ဆိုပြနိုင်နေပြီဖို့ ချီးကျူးစကားတွေ မှတ်ချက်ရေးသားထားကြပြီး အထင်တွေမကြီးလိုက်နဲ့နော် ဝလုံးရေးဖို့ထိုင်တာ ၁မိနစ်မပြည့်ဘူး လို့ မေမေထရီဇာက ပြန်လည်မှတ်ချက်ပေးထားပါသေးတယ် ။ ခေတ်နဲ့ သစ်ကိုချစ်ကြတဲ့ Cele Gabar ပရိသတ်ကြီးအတွက်လည်း ဒီဗီဒီယိုလေးကို တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

https://www.facebook.com/ChitThuWai.Trezalilian/posts/2782592285179418

Source : Chit Thu Wai
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x