World Music Day အထိမ်းအမှတ် Live မကြည့်လိုက်ရတဲ့ ပရိသတ်တွေအတွက် Live မှာဆိုခဲ့တဲ့သီချင်းလေးတစ်ပုဒ် တင်ပေးလိုက်တဲ့ အိမ့်ချစ်

နိုင်ငံကျော်အဆိုတော် အိမ့်ချစ်ဟာ ယနေ့မှာတော့ ဇွန်လ(၂၁)ရက်မှာကျရောက်ခဲ့တဲ့ World Music Day အထိမ်းအမှတ်အနေနဲ့ မနေ့ကထုတ်လွှင့်ခဲ့တဲ့ JOOX မှာလွှင့်ခဲ့တဲ့ Live မကြည့်လိုက်ရတဲ့ ပရိသတ်တွေအတွက် Live မှာဆိုခဲ့တဲ့ထဲက သီချင်းလေးတစ်ပုဒ် ဖြစ်တဲ့ Mr.Busy သီချင်းလေးကို ပရိသတ်တွေနားဆင်ရအောင် ပြန်လည်ဝေမျှထားပါတယ်။

အိမ့်ချစ်ကတော့ JOOX World Music Day 2020 ဖျော်ဖြေပွဲဖြစ်တဲ့ “The Sound of Happiness” ဆိုတဲ့ Live ထုတ်လွှင့်မှုမှာတော့ ပြည်တွင်အဆိုတော်တွေဖြစ်တဲ့ ဝေလ၊ Big Bag၊ ဖြူဖြူကျော်သိန်း၊ ရွှေထူး၊ အိမ့်ချစ်၊ ဖြိုးပြည့်စုံ၊ မေ နှင့် ချမ်းမြေ့မောင်ချိုတို့နဲ့အတူ ပါဝင်ဖျော်ဖြေခဲ့တာလည်းဖြစ်ပါတယ်။သူဟာ World Music Day အထိမ်းအမှတ် Live မကြည့်လိုက်ရတဲ့ ပရိသတ်တွေအတွက် Live မှာဆိုခဲ့တဲ့ Mr.Busy သီချင်းကို “World Music Day အထိမ်းအမှတ်အနေနဲ့ ထုတ်လွှင့်ခဲ့တဲ့ Joox Live လေးကိုကြည့်လိုက်ရပါရဲ့လားရှင့်..? မကြည့်လိုက်ရရင် ခု Live ထဲက သီချင်းလေးတစ်ပုဒ်ကို တင်ပေးလိုက်ပါပြီနော် Live ကြည့်ရင်း Gift တွေအများကြီးပေးပြီးအလှူငွေတွေလှူဒါန်းပေးခဲ့ကြတဲ့ပရိသတ်တွေကိုလဲ ကျေးဇူးတင်ပါတယ် ဒီအလှူငွေတွေကတော့ Unicef ကိုCovid 19 ကာကွယ် တားဆီးကုသရေးတွေအတွက် လှူဒါန်းမယ့်အလှူငွေတွေပါ မနေ့က Live မှာဆိုခဲ့တဲ့ထဲက Mr.Busy သီချင်းလေးခုနားဆင်ပေးနော်” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော်အဆိုတော် အိမ့်ချစ်ကတော့ World Music Day အထိမ်းအမှတ် Live ကိုကြည့်ပြီး Gift တွေအများကြီးပေးပြီးအလှူငွေတွေလှူဒါန်းပေးခဲ့ကြတဲ့ပရိသတ်တွေကိုလဲ ကျေးဇူးတင်ပါတယ်တဲ့။ ဒီLive ဖျော်ဖြေပွဲကြီးကအလှူငွေတွေကိုတော့ Unicef ကိုCovid 19 ကာကွယ် တားဆီးကုသရေးတွေအတွက် လှူဒါန်းသွားမှာပါတဲ့။

Source: Eint Chit
DarDar-CeleGabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x