အောင်ရေချမ်းအတွက် မုံရွာမြို့က We Love တွေလုပ်ပေးခဲ့တဲ့ မွေးနေ့အလှူ

Posted on

MRTV-4 ဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ အားပေးဝန်းရံခြင်းခံခဲ့ရပြီး ကိုတင်ဖေလို့ စပြီး ပရိသတ်တွေသတိထားမိခဲ့တဲ့ မင်းသားချောလေး အောင်ရေချမ်းကို ပရိသတ်တွေသိမယ်ထင်ပါတယ်နော် ။ ဇူလိုင်လ (၇) ရက်နေ့ကတော့ အောင်ရေချမ်းရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပြီး မွေးနေ့အလှူလေးကိုလည်း အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့အတူတူ ပြုလုပ်ခဲ့ပါတယ် ။

အောင်ရေချမ်းကို ချစ်ကြတဲ့ We Love AYC တွေထဲကမှ မုံရွာမြို့မှာရှိတဲ့ Fan တွေကတော့ မွေးနေ့အလှူလေးကို မုံရွာမှာ ပြုလုပ်ပေးခဲ့ကြပါသေးတယ် ။ မုံရွာမြို့ We Love AYC Group ရဲ့ ကျွန်တော်မွေးနေ့အတွက် ကုသိုလ်လေးပါ ဝီဝီတွေကိုကျေးဇူးအများကြီးတင်ပါတယ် Covidကြီးပြီးရင် လာလည်မယ်နော် ချစ်ရတဲ့သူတို့ ဆိုတဲ့ စာသားလေးနဲ့အတူ အောင်ရေချမ်းက မုံရွာပရိသတ်တွေရဲ့ အလှူလေးကို ပြန်လည်မျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။

အောင်ရေချမ်း ရဲ့ We Love Fan တွေကတော့ မွေးနေ့မှမဟုတ်ပါဘူး မကြာခဏ ဆိုသလို အလှူလေးတွေ ပြုလုပ်ပေးတတ်ကြတာဖြစ်ပါတယ် ။ အောင်ရေချမ်းကိုချစ်တဲ့ ပရိသတ်ကြီးအတွက် မုံရွာက We love AYC အဖွဲ့ရဲ့ မွေးနေ့အလှူလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Aung Yay Chan
Emily (Cele Gabar)