သိန်းထီဆုကြီး ပေါက်ချင်တယ်လို့ ပြောလာတဲ့ စိုးပြည့်သဇင်

Posted on

ပရိသတ်အချစ်တော် အကယ်ဒမီ မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပီပြင်လွန်းလို့ ပရိသတ်တွေချစ်ကြတဲ့ အပြင် မိန်းကလေး ပီသပြီးအိမ်မှုကိစ္စတွေကို ကျွမ်းကျင်လို့ ပရိသတ်တွေချီးကျူးမဆုံးဖြစ်နေတဲ့ မင်းသမီးလေးပါ ။ ကောလဟာလ ကင်းတဲ့ မင်းသမီးစာရင်းမှာ ရပ်တည်နေပြီး မိသားစုနဲ့အတူ အေးအေးချမ်းချမ်းနေတတ်တဲ့ မင်းသမီးလေးပဲဖြစ်ပါတယ် ။

မကြာခဏ ဆိုသလို အလှူအတန်းတွေ ပြုလုပ်တတ်ပြီး ဘာသာရေး ကိုင်းရှိုင်းသလို မိဘတွေ ဂုဏ်ယူရတဲ့ သမီးချောလေး လို့ ဆိုရမှာပါ ။ စိုးပြည့်က သူမခံစားချက်တွေ နဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်တွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလေ့ရှိပြီး လတ်တလောမှာတော့ ထီထိုးထားတယ် ထီဆုကြီးပေါက်ချင်တယ်လို့ သူမရဲ့ မိုင်ဒေးမှာ ရေးသားထားတာတွေ့ရပါတယ် ။

အမြဲ စိတ်ထားကောင်းပြီး အေးအေးချမ်းချမ်းနေတတ်တဲ့ စိုးပြည့်လေးတစ်ယောက် သိန်းထီဆုကြီးကို ဆွတ်ခူးနိုင်ပါစေလို့ Cele Gabar ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။ စိုးပြည့်ပရိသတ်တွေကလည်း စိုးပြည့် ဆန္ဒလေး ပြည့်ဝသွားအောင် ဆုတောင်းပေးကြပါဦးနော် ။

Source : Soe Pyae Thazin
Emily (Cele Gabar)