ပရိတ်ကြီးရေ ဒီနေ့ ဇူလိုင်လ (၉)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် ဘန်နီဖြိုးရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ဘန်နီဖြိုးကတော့ အဆိုတော် တစ်ယောက်အနေနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်းကနေ အခုချိန်ထိ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိနေဆဲဖြစ်တဲ့ အဆိုတော်တစ်ယောက်ပါ။
ဘန်နီဖြိုးရဲ့ ဒီနေ့မွေးနေ့လေးအတွက် ကို သူ့ရဲ့ ပရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာရှင်တွေက မွေးနေ့ဆုတောင်းတွေတောင်းပေးထားကြပါသေးတယ်။ဘန်နီဖြိုးရဲ့မွေးနေ့လေးအတွက်ကို မွေးနေ့ဆုတောင်းပေးကြတဲ့ သူတွေထဲမှာ ပရိသတ်တွေရဲ့အချစ်တော် စိုင်းစိုင်းကလည်း အပါအဝင်ပဲဖြစ်ပါတယ်။စိုင်းစိုင်းကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “Happy Birthday Bunny. All the best !!”ဆိုပြီး ပုံလေးနဲ့ အတူ မွေးနေ့ဆုတောင်းပေးထားတာပဲဖြစ်ပါတယ်။
ဒီနေ့မှာကျရောက်တဲ့ မွေးနေ့ကနေ စပြီး ဘန်နီတစ်ယောက်အနုပညာလောကမှာ ဒီထက်မကအောင်မြင်ပြီး ဒီထက်မက ပရိသတ်အကြိုက်နဲ့ ထပ်တူကျတဲ့ သီချင်းကောင်းလေးတွေကို ဖန်တီးနိုင်ပါစေလို့ CeleGabar ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။CeleGabar ပရိသတ်ကြီးတွေလည်း ဘန်နီရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းစကားလေးတွေပြောပေးခဲ့ပါဦး။
Chilli – Celegabar
Source – Sai Sai Kham Leng , Bunny Phyoe