Tik Tok ဗွီဒီယိုကောင်းတွေရဖို့ ဇနီးဖြစ်သူ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ သရုပ်ဆောင်ပေးနေရကြောင်းကို မျှဝေလာတဲ့ ကိုပေါက်

Posted on

ကိုဗစ်ကာလစတင်ကတည်းက ဟာသ Tik Tok တွေနဲ့ ပရိသတ်ဘဝအမောပြေစေခဲ့သူကတော့ ကိုပေါက်ပါ။ အစပိုင်းမှာ အပျော်သဘောနဲ့ တစ်ယောက်တည်းသာ ပေါ့ပေါ့ပါးပါးရိုက်ကူးခဲ့ပေမယ့် နောက်ပိုင်းကိုပေါက်ရဲ့ Tik Tok တွေမှာတော့ ဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့ ဇနီးဖြစ်သူပါ ပါဝင်သရုပ်ဆောင်လာတာကို တွေ့ရမှာပါ။

သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ကိုပေါက်အတွက်တော့ Tik Tok ရိုက်ကူးတာက မခက်ခဲပေမယ့်လည်း Tik Tok ဗွီဒီယိုကောင်းလေးတွေရဖို့ လိုက်ပံ့ပိုးသရုပ်ဆောင်ပေးနေတဲ့ ဇနီးဖြစ်သူကတော့ ရိုက်ကွင်းနောက်ကွယ်မှာ ခက်ခက်ခဲခဲနဲ့ သူ့ရဲ့အဆူလည်းခံရပြီး လုပ်ပေးနေရကြောင်းကို “ရိုက်ကွင်းနောက်ကွယ်က သရုပ်ဆောင်နဲ့ ဒါရိုက်တာတို့ရဲ့တိုက်ပွဲ မျက်ရည်အတောင့်လိုက်ကျပြီး….စိတ်ဆင်းရဲ ကိုယ်ဆင်းရဲသရုပ်ဆောင်ပေးနေရတဲ့ ကျွန်တော့်အသည်းလေး မမနီနီ” ဆိုပြီး ဗွီဒီယိုလေးနဲ့ ဖော်ပြလာပါတယ်။

သရုပ်ဆောင်တစ်ယောက်မဟုတ်တဲ့ ကိုပေါက်ရဲ့ဇနီးသည်အတွက် ဒိုင်ယာလော့တွေကို အဆင်ပြေပြေပြောဖို့က ခက်ခဲနေတာကြောင့် ကိုပေါက်က ဆူခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းက ကလေးငယ်တစ်ယောက်လို မျက်ရည်ကျခဲ့တဲ့ ချစ်ဇနီးလေးကို ဗွီဒီယိုမှတ်တမ်းတင်ပြီး ပြန်လည်မျှဝေခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ…

Source – Aung Min Naing
Rainbow- Cele Gabar