မွေးနေ့အကြိုမှာတင် ဒေါ်လာအထပ်လိုက် လက်ဆောင်ရခဲ့တဲ့ ဂျွန်လွင်

Posted on

မြန်မာနိုင်ငံရဲ့ အရည်အချင်းရှိတဲ့ မော်ဒယ်လ်တွေကို မွေးထုတ်ပေးနေတဲ့ မော်ဒယ်လ်ဖခင်ကြီးဂျွန်လွင်ကိုတော့ မသိသူမရှိလောက်အောင်ပါပဲနော်။ နေရာတကာမှာ ပေါက်ရောက်လွန်းတဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် အလှူအတန်းလည်း လုပ်လွန်းသူတစ်ယောက်မို့ အများက လေးစားချစ်ခင်ခြင်း ရရှိထားသူတစ်ယောက်ပါ။

လာမယ့် ဇူလိုင်လ(၁၅) ရက်နေ့ကတော့ ဂျွန်လွင်ရဲ့ အသက်(၅၃) နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး မွေးနေ့မတိုင်ခင်ကတည်းက တန်ဖိုးကြီးမားတဲ့လက်ဆောင်တစ်ခုရခဲ့ကြောင်း မျှဝေခဲ့ပါတယ်။ သူ့ရဲ့အသိမိတ်ဆွေတစ်ယောက်ကတော့ သူ့ရဲ့မွေးနေ့အကြိုအနေနဲ့ Special Menu နဲ့ ထမင်းတခမ်းတနားကျွေးခဲ့တဲ့အပြင် ဒေါ်လာတစ်ရာတန် အထပ်လိုက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။

ဂျွန်လွင်ကတော့ သူ့ရခဲ့တဲ့လက်ဆောင်လေးနဲ့ပတ်သက်ပြီး “ဘဝမှာ အကြီးမားဆုံးမွေးနေ့လက်ဆောင်ကို 53rd Birthday မှပဲ ရဖူးတယ်.. Thank U So Much par” ဆိုပြီးတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ ရေးသားမျှဝေခဲ့တာပဲ ဖြစ်ပါတယ် .. ကိုယ့်အပေါ်ကောင်းတဲ့မိတ်ဆွေတွေနဲ့ ချစ်သူခင်သူပေါများလွန်းတဲ့ ဂျွန်လွင်ရဲ့ဘဝကို တကယ်ကိုအားကျစရာပဲမဟုတ်လား ပရိသတ်ကြီးရေ…


Source – John Lwin
Rainbow- Cele Gabar