ပြည်တွင်းဖြစ်ထုတ်ကုန်တွေကို အားပေးကြဖို့ပြောလာတဲ့ အဆိုတော်မိစန္ဒီ

Posted on

ပရိသတ်အချစ်တော်မိစန္ဒီကတော့ အခုရက်ပိုင်းခရီးထွက်နေတာဖြစ်ပြီး သူတွေ့လာရတဲ့အတွေ့အကြုံလေးတွေကို ပရိသတ်တွေကိုမျှဝေပေးနေတာပါ။ သူကတော့ အရင်ခေတ်ကအင်မတန်အသုံးများခဲ့ပြီး အခုနောက်ပိုင်းတွင်တွင်ကျယ်ကျယ်မသုံးဖြစ်တော့တဲ့ပြည်တွင်းဖြစ်ပစ္စည်းလေးတွေအကြောင်းကို ပြောပြလာတာပါ။


သူကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ကျောက်သင်ပုန်းတွေ ထုတ်လုပ်ရာ မုဒွန်းရွာ ဘီလူးကျွန်းလေးမှာ ကျောက်သင်ပုန်းလေးတွေက မိစန္ဒီ သိရသလောက် သင်ပုန်းကျောက်ကို တူးပြီ အဆင့်ဆင့်လုပ်ရတဲ့ ပစ္စည်းလေးတွေပါ လွယ်လွယ်ကူကူထုတ်လုပ်ရတဲ့ ပစ္စည်းလေးတွေ မဟုတ်ပါ..အရင်က ကျောက်သင်ပုန်းတွေ သိပ်မသုံးကျတော့လို့ ကျောက်သင်ပုန်းဈေးကွက် အရမ်းကျဆင်းတဲ့ အချိန်တွေရှိခဲ့တယ် ကြားတယ်..အခုတော့ စားသောက်ဆိုင်တွေ hotel တွေ အိမ်တွေမှာ အလှဆင်တာတို့ decoration လုပ်တာတို့ ခေတ်စားလာတော့ ကျောက်သင်ပုန်း လုပ်ငန်းတွေ ပြန်လည် ဦးမော့လာပါပြီ..အခုလို ပြည်တွင်းဖြစ် ထုတ်ကုန်တွေကို ပိုပြီး အားပေးကြပါနော်.. ” ဆိုပြီးတော့ ရေးသားထားတာပါ။


မိစန္ဒီကတော့ မုဒွန်းရွာဘီလူးကျွန်းလေးကိုရောက်နေတာဖြစ်ပြီး ကျောက်သင်ပုန်းလုပ်ငန်းလေးတွေ အကြောင်းလေ့လာရင်း ပရိသတ်တွေကိုပြန်လည်မျှဝေလာခဲ့တာပါ။ မိစန္ဒီကတော့ ပြည်တွင်းဖြစ်ထုတ်ကုန်တွေကို အားပေးကြဖို့တိုက်တွန်းပြောကြားလိုက်ပါပြီနော်…
Source : MiSandi