အင်းတော်ကြီးရွှေမဉ္ဇူရေလည်ဘုရားကိုရောက်ခဲ့တဲ့အမှတ်တရကို ပရိသတ်တွေကို ပြန်လည်ဝေမျှလာတဲ့ ကျော်ထက်ဇော်

ကျော်ထက်ဇော်ကိုတော့ ရုပ်သံဇာတ်လမ်းတွဲများနဲ့အတူ ပရိသတ်တွေအသိအမှတ်ပြု ချစ်ခင်ကြတာလည်း ဖြစ်ပါတယ်။ ကျော်ထက်ဇော်ကတော့ အားပေးကြတဲ့ပရိသတ်တွေကို သူ့ရဲ့လှုပ်ရှားမှုတွေကို အသိပေးလေ့ရှိတဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်ပြီး အခုလည်း တန်ခိုးကြီးဘုရားတစ်ဆူကို သွားရောက်ဖူးမြော်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကို ဗီဒီယိုလေးနဲ့တကွပြန်လည် မျှဝေလာတာပါ။


ကျော်ထက်ဇော်ကတော့ ဗီဒီယိုဖိုင်လေးနဲ့အတူ “အင်းတော်ကြီး ရွှေမဉ္ဇူ ရေလည် ဘုရားရောက် အမှတ်တရ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ရေကန်တစ်ခုဖြစ်သလို တန်ခိုးကြီးတဲ့ အကြောင်းတွေကို စာတွေသာဖတ်ခဲ့ဖူးတဲ့အတွက် အရမ်းရောက်ဖူးချင်နေခဲ့မိတာအမှန်ပါ ။ရောက်ဖူးတဲ့သူတွေလည်းရှိသလို မရောက်ဖူးသေးတဲ့ ဇော်ဂျီလေးတွေ အားလုံးအတွက် အမှတ်တရ ဖူးစေချင်လို့ တင်ပေးလိုက်ပါတယ်ဗျ”ဆိုပြီးတော့ ရေးသားဖော်ပြလာတာပါ။

မင်းသားချောကျော်ထက်ဇော်ကတော့ မကြာသေးခင်က အချစ်ဖွဲ့လေညင်း ဇာတ်လမ်းတွဲမှာ နှစ်ကိုယ်ခွဲဇာတ်ရုပ်နဲ့ ပရိသတ်အကြိုက်တွေ့ထားသူလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ အရမ်းကိုဖူးချင်ခဲ့တဲ့ ဘုရားကိုသွားရောက်ဖူးမြော်ခဲ့တာလည်း ဖြစ်ပါတယ်နော်….
Source : KyawHtetZaw

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x