Joox မှာ နှစ်ပတ်ဆက်တိုက် နံပါတ် (၁)နေရာကို သိမ်းပိုက်ထားတဲ့ ဘင်ဂျမင်ရဲ့ သီချင်း

ပရိသတ်ကြီးရေ ဒီတစ်ပတ်ရဲ့ Joox မှာ ပရိသတ် နားဆင်မှုအများဆုံးနဲ့ နံပါတ်(၁)နေရာကိုတော့ ပရိသတ်တွေရဲ့ အချစ်တော် ဘင်ဂျမင်ရဲ့ “ပြန်တွေ့မယ့်ရက်” သီချင်းလေးကပဲ သိမ်းပိုက်ထားပါတယ်။ပြီးခဲ့တဲ့ တစ်ပတ်ကလည်း ဘင်ဂျမင်ရဲ့ သီချင်းလေးက နံပါတ်(၁)နေရာကို ရရှိထားခဲ့တာဖြစ်ပြီး ဒီတစ်ပတ်နဲ့ဆို နှစ်ပတ်ဆက်တိုက် နံပါတ်(၁)နေရာကို ရရှိထားခဲ့တာပါ။

“ပြန်တွေ့မယ့်ရက်” သီချင်းလေးကတော့ ဘင်ဂျမင်ရဲ့ ပထမဆုံး ကိုယ်ပိုင်သီချင်လေး ဖြစ်ပြီး သီချင်း အမြည်းလေးထွက်ရှိလာကတည်းက ပရိသတ်တွေ သဘောကျနေခဲ့တဲ့ သီချင်းလေးလည်း ဖြစ်ပါတယ်။ ထွက်ရှိလာချိန်မှာလည်း ပရိသတ်တွေ အားခဲထားခဲ့သလို အကြိုက်နဲက ထပ်တူကျပြီး ရင်ထဲကို ရောက်ခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာလည်း ပရိသတ်နားဆင်မှုအများဆုံး နံပါတ် (၁)နေရာကို နှစ်ပတ်တိတိ ဆက်တိုက် သိမ်းပိုက်ထားနိုင်ခဲ့ပသေးတယ်။

CeleGabar ပရိသတ်ကြီးရေ အဆိုတော်တစ်ယောက်ဖြစ်အောင် အစွမ်းရှိသမျှကြိုးစားနေခဲ့တဲ့ ဘင်ဂျမင်ကတော့ ကြိုးစားမှုရဲ့ ရလဒ်အနေနဲ့ ပထမဆုံး သီချင်းလေးမှာတင် အောင်မြင်မှုက ကြောက်ခမန်းလိလိပါပဲနော်။ ပထမဆုံးသီချင်းလေးမှာတင် အကြီးအကျယ်အောင်မြင်နေတဲ့အတွက် ဘင်ဂျမင်ရဲ့ ပရိသတ်တွေကတော့ ဘင်ဂျမင်အတွက် ဂုဏ်ယူနေမှာပါ။

Chilli – CeleGabar
Source – Joox Myanmar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x