(၆) နှစ်ကြာပြဿနာတွေအတွက် ဆရာဖြစ်သူဂျွန်လွင်ကို ဝန်ချတောင်းပန်ခဲ့တဲ့အလင်းရောင်

Posted on

ဂျွန်လွင်ကတော့ Stars & Models အေဂျင်စီကိုတည်ထောင်ထားသူတစ်ယောက်ဖြစ်သလို မျိုးဆက်သစ်မော်ဒယ်လ်တွေကိုလည်း မွေးထုတ်ပေးနေသူတစ်ယောက်ပါ။ သူ့ကိုတော့ အနုပညာလောကမှ အနုပညာရှင်တော်တော်များများက ဆရာတစ်ယောက်အဖြစ်လေးစားကြသလို လိုအပ်တဲ့နေရာမှာ ဝင်ရောက်ညှိနှိုင်းပေးတာကြောင့်လည်း လေးစားခြင်းခံရသူပါ။


အခုဆိုရင်တော့ ဆရာဖြစ်သူဂျွန်လွင်နဲ့ မင်းသားချောအလင်းရောင်တို့ရဲ့ မပြေမလည်ဖြစ်ခဲ့တဲ့(၆)နှစ်တာ ပြဿနာတွေပြေလည်သွားပြီလည်း ဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကို အလင်းရောင်ကသူ့ရဲ့ဖေ့ဘွတ်ခ်မှာ “Peace SIR ကျွန်တော် ငယ်ငယ်ကတည်းက တခုခုဆို ဆတ်ဆတ်ထိမခံ ခေါင်းမာပြီး တဇွတ်ထိုးလုပ်တတ်တဲ့ အကျင့်ကြောင့် အခုလိုဆရာနဲ့ ၆ နှစ်ကြာ ပြဿနာတွေဖြစ်ခဲ့ရတဲ့အတွက် ဝန်ချတောင်းပန်ပါတယ် ဆရာ ဆရာ့ဆီက ဆုံးမစကားတွေကို အမြဲပြန်ကြားရတော့မယ် ဒန် တန် တန် ” ဆိုပြီးတော့ ရေးသားထားတာပါ။


အလင်းရောင်ကလည်း အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့အောင်မြင်မှုရရှိထားသူတစ်ယောက်ပါ။ အခုဆိုရင် ဆရာဖြစ်သူဂျွန်လွင်နဲ့ပြန်လည်ပြေလည်သွားပြီဖြစ်တဲ့အကြောင်းကို ပရိသတ်တွေကိုအသိပေးရေးသားထားခဲ့ပါပြီ။ ဆရာတပည့်တွေချစ်ချစ်ခင်ခင်ဖြစ်သွားကြပြီမို့ တကယ့်ကိုဝမ်းသာစရာပါပဲနော်…
Source : ALINNYAUNG