ပရိသတ်ကြီးရေ ဒီနေ့ ဇူလိုင်လ (၉)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် ဆူဇီရဲ့မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ဒီနေ့မှာကျရောက်တဲ့ ဆူဇီရဲ့မွေးနေ့ရက်မြတ်လေးအတွက်ကိုတော့ သူငယ်ချင်းဖြစ်သူ ပွင့်နဒီမောင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ချစ်ခြင်းမေတ္တာအပြည့်နဲ့ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။
“Happy birthday to u သက်ရှည်ကျန်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေ။ လိုတိုင်းတ… တတိုင်းရပါစေ”ဆိုပြီး နှစ်ယောက်သားအတူတူရိုက်ကူးထားတဲ့ ပုံလေးတွေနဲ့ မွေးနေ့ဆုတောင်းပေးထားခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေကလည်း ဆူဇီရဲ့မွေးနေ့အတွက်ကို ပွင့်နဒီမောင်နဲ့ အတူ မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးနေကြပါသေးတယ်။
ဆူဇီတစ်ယောက် ဒီနေကမှာကျရောက်တဲ့ မွေးနေ့ရက်လေးကနေ စပြီး လိုအင်ဆန္ဒတွေပြည့်ဝပါစေလို့ CeleGabar ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း ဆူဇီရဲ့မွေးနေ့လေးအတွက်ကို မွေးနေ့ဆုမွန်ကောင်းစကားလေးတွေ ဆုတောင်းပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ။
Chilli – Celegabar
Source – Pwint Nadi Maung